To All the Boys: Always and Forever (2021)

910
Share
Copy the link

လူချောလေး ပီတာနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေး လာရာဂျီင်းတို့ရဲ့ တတိယမြောက်ဇာတ်လမ်းလေးပါ။ ပထမဇာတ်လမ်းမှာတုန်းက ဟန်ဆောင်ရည်းစားဘ၀ကနေ အရမ်းချစ်ကြတဲ့ချစ်သူတွေအဖြစ် ရောက်ရှိသွားကြတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ့အတူ၊ ဆယ်ကျော်သက်လေးတွေရဲ့ ဘ၀လမ်းကြောင်းရွေးချယ်မှု၊ မိသားစုဘ၀နဲ့ မိဘနဲ့သားသမီးကြားက မေတ္တာကိုလည်း ဖော်ပြထားတာကြောင့် ရသစုံပြီး ချစ်စရာအရမ်းကောင်းပါတယ်။

အထက်တန်းစီနီယာကျောင်းသား/သူတွေ ဖြစ်လာတဲ့ လာရာဂျီင်းတို့နှစ်ယောက် တက္ကသိုလ်၀င်ခွင့်တွေ လျှောက်ကြတဲ့အခါ၊ အငြင်းပွားစရာလေးတွေ ဖြစ်လာပါတယ်။ အချစ်တစ်ခုတည်းကို ဦးစားပေးရမလား၊ ကိုယ့်အိပ်မက်ကို အပျောက်ဆုံးခံမလားဆိုတာ လာရာဂျီင်းတစ်ယောက် လွန်ဆွဲခဲ့ရပါတယ်။ တစ်နည်းအားဖြင့် သူတို့နှစ်ယောက်ရဲ့အချစ်ကို စမ်းသပ်တာလို့ပဲ ဆိုရမှာပါ။

အချစ်စစ်ကမဖြောင့်ဖြူးဘူးဆိုသလိုပဲ၊ ဆယ်ကျော်သက်လေးနှစ်ယောက်ရဲ့ ဘ၀တစ်ဆစ်ချိုးမှာ သူတို့ရဲ့အချစ်ရေးဟာ အကွေ့အကောက်လေးတွေ ကြုံလာရပုံကို ချစ်စရာကောင်းစွာ ရိုက်ကူးထားတဲ့ အချစ်ဇာတ်မြူးကားကောင်းလေး ဖြစ်ပါတယ်။ အရမ်း ‘ရို’ သလို အရမ်းလည်းချစ်စရာကောင်းတာကြောင့် အချစ်ဇာတ်လမ်းကြိုက်သူတွေ လက်မလွတ်တမ်းကြည့်သင့်ပါတယ်။

To All the Boys ဟာ ၃ ကားထွက်ထားပြီး အရှေ့က ၂ ကားကို မကြည့်ထားရင်လည်း ဒီကားကိုကြည့်လို့ရပါတယ်။ ဒါပေမဲ့ ၃ ကားလုံး ကြည့်ဖြစ်ရင်တော့ ဇာတ်ကောင်တွေနဲ့ ပိုရင်းနှီးပြီး ကြည့်လို့ပိုကောင်းမှာပါနော်။

Zawgyi

လူေခ်ာေလး ပီတာနဲ႔ ခ်စ္စရာေကာင္းတဲ့ ေကာင္မေလး လာရာဂ်ီင္းတို႔ရဲ႕ တတိယေျမာက္ဇာတ္လမ္းေလးပါ။ ပထမဇာတ္လမ္းမွာတုန္းက ဟန္ေဆာင္ရည္းစားဘ၀ကေန အရမ္းခ်စ္ၾကတဲ့ခ်စ္သူေတြအျဖစ္ ေရာက္ရွိသြားၾကတဲ့ သူတို႔ႏွစ္ဦးရဲ႕ အခ်စ္ေရးနဲ႔အတူ၊ ဆယ္ေက်ာ္သက္ေလးေတြရဲ႕ ဘ၀လမ္းေၾကာင္းေ႐ြးခ်ယ္မႈ၊ မိသားစုဘ၀နဲ႔ မိဘနဲ႔သားသမီးၾကားက ေမတၱာကိုလည္း ေဖာ္ျပထားတာေၾကာင့္ ရသစုံၿပီး ခ်စ္စရာအရမ္းေကာင္းပါတယ္။

အထက္တန္းစီနီယာေက်ာင္းသား/သူေတြ ျဖစ္လာတဲ့ လာရာဂ်ီင္းတို႔ႏွစ္ေယာက္ တကၠသိုလ္၀င္ခြင့္ေတြ ေလွ်ာက္ၾကတဲ့အခါ၊ အျငင္းပြားစရာေလးေတြ ျဖစ္လာပါတယ္။ အခ်စ္တစ္ခုတည္းကို ဦးစားေပးရမလား၊ ကိုယ့္အိပ္မက္ကို အေပ်ာက္ဆုံးခံမလားဆိုတာ လာရာဂ်ီင္းတစ္ေယာက္ လြန္ဆြဲခဲ့ရပါတယ္။ တစ္နည္းအားျဖင့္ သူတို႔ႏွစ္ေယာက္ရဲ႕အခ်စ္ကို စမ္းသပ္တာလို႔ပဲ ဆိုရမွာပါ။

အခ်စ္စစ္ကမေျဖာင့္ျဖဴးဘူးဆိုသလိုပဲ၊ ဆယ္ေက်ာ္သက္ေလးႏွစ္ေယာက္ရဲ႕ ဘ၀တစ္ဆစ္ခ်ိဳးမွာ သူတို႔ရဲ႕အခ်စ္ေရးဟာ အေကြ႕အေကာက္ေလးေတြ ႀကဳံလာရပုံကို ခ်စ္စရာေကာင္းစြာ ႐ိုက္ကူးထားတဲ့ အခ်စ္ဇာတ္ျမဴးကားေကာင္းေလး ျဖစ္ပါတယ္။ အရမ္း ‘႐ို’ သလို အရမ္းလည္းခ်စ္စရာေကာင္းတာေၾကာင့္ အခ်စ္ဇာတ္လမ္းႀကိဳက္သူေတြ လက္မလြတ္တမ္းၾကည့္သင့္ပါတယ္။

To All the Boys ဟာ ၃ ကားထြက္ထားၿပီး အေရွ႕က ၂ ကားကို မၾကည့္ထားရင္လည္း ဒီကားကိုၾကည့္လို႔ရပါတယ္။ ဒါေပမဲ့ ၃ ကားလုံး ၾကည့္ျဖစ္ရင္ေတာ့ ဇာတ္ေကာင္ေတြနဲ႔ ပိုရင္းႏွီးၿပီး ၾကည့္လို႔ပိုေကာင္းမွာပါေနာ္။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *