Tomb Raider (2018)

16841
Share
Copy the link

လာရာခရော့ဖ်ဟာ ဖခင် ရစ်ချက် ပျောက်ဆုံးသွားပြီးတာ တောင်မှ ဘဝကို ပူပင်ကြောင့်ကြ မဲ့ နေနေတာပါ။ တစ်ရက်မှာတော့ ယာဉ်တိုက်မှုတစ်ခုကြောင့် အ ဖမ်းခံရပြီး သူ့အဖေရဲ့ စီးပွား ဖက် အန်နာမစ်လာက လာရာကို အာမခံနဲ့ လာထုတ်ခဲ့ပါတယ်။

ရစ်ချက်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာ လာရာအမွေဆက်ခံမလုပ် ကိုင်ဘူးဆိုရင် ရောင်းပစ်ရမယ့် အနေအထားဖြစ်နေပြီလို့ သတိ ပေးခဲ့တာကြောင့် လာရာတစ် ယောက် သူ့အဖေရဲ့ရုံးခန်းဆီ သွားခဲ့ပါတယ်။

အဲဒီမှာ သူ့အဖေထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဒဏ္ဍာရီဘုရင်မ ဟီမီကိုနဲ့ပတ် သက်ပြီး သုတေသနလုပ်ထားတာ တွေကို ပြောပြထားကာ အန္တ ရာယ်များလွန်းတဲ့အတွက် ဆက် မလုပ်ဖို့နဲ့ ဖျက်ဆီးပစ်ဖို့ မှာခဲ့ပေ မယ့် လာရာကတော့ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒါနဲ့ လာရာဟာ ဟောင် ကောင်ကို ခရီးထွက်ခဲ့ပြီး ဟီမီကို ဘုရင်မ အုတ်ဂူရှိနိုင်မယ့် ကျွန်း ဆီကို သွားခဲ့ပါတယ်။ လမ်းမှာ မုန်တိုင်း အကြီးအကျယ်မိပြီး သင်္ဘောပျက်ကာ ကျွန်းတစ်ကျွန်း ပေါ် ကမ်းတင်သွားပြီး ဟီမီကို အုတ်ဂူကို လိုက်ရှာနေတဲ့ အဖွဲ့ ခေါင်းဆောင် မက်သီရက်ဗိုဂယ် ဆိုသူက ဖမ်းဆီးထားခဲ့ပါတယ်။

ဗိုဂယ်ဟာ ရစ်ချက်ကို သတ် ပစ်ခဲ့ပြီး ရစ်ချက်ရဲ့ သုတေသန ပြုချက်တွေနဲ့ ဟီမီကိုအုတ်ဂူ ကို ဆက်ရှာဖို့ ကြံစည်နေတာပါ။ လာရာကို သင်္ဘောကပ္ပတိန် လူ ရန်က ကယ်ဆယ်ခဲ့ပြီး ဒေသခံရေ လုပ်သားတွေ အကူအညီနဲ့ အုတ် ဂူရှိရာကျွန်းဆီကို သွားခဲ့ပါတယ်။

ကျွန်းပေါ်မှာ ဘာတွေဆက်ဖြစ်မလဲ၊ ဟီမီကိုကို ဘယ်လိုတားဆီးမလဲဆိုတာတော့ ပရိသတ်ကြီး ဆက်လက်ခံစားကြည့်ကြပါ။

Zawgyi

လာရာခေရာ့ဖ္ဟာ ဖခင္ ရစ္ခ်က္ ေပ်ာက္ဆုံးသြားၿပီးတာ ေတာင္မွ ဘဝကို ပူပင္ေၾကာင့္ၾက မဲ့ ေနေနတာပါ။ တစ္ရက္မွာေတာ့ ယာဥ္တိုက္မႈတစ္ခုေၾကာင့္ အ ဖမ္းခံရၿပီး သူ႔အေဖရဲ႕ စီးပြား ဖက္ အန္နာမစ္လာက လာရာကို အာမခံနဲ႔ လာထုတ္ခဲ့ပါတယ္။

ရစ္ခ်က္ရဲ႕ စီးပြားေရးလုပ္ငန္းေတြ ဟာ လာရာအေမြဆက္ခံမလုပ္ ကိုင္ဘူးဆိုရင္ ေရာင္းပစ္ရမယ့္ အေနအထားျဖစ္ေနၿပီလို႔ သတိ ေပးခဲ့တာေၾကာင့္ လာရာတစ္ ေယာက္ သူ႔အေဖရဲ႕႐ုံးခန္းဆီ သြားခဲ့ပါတယ္။

အဲဒီမွာ သူ႔အေဖထားခဲ့တဲ့ ဗီဒီယိုဖိုင္တစ္ခုကို ရွာေတြ႕ခဲ့ၿပီး ဒ႑ာရီဘုရင္မ ဟီမီကိုနဲ႔ပတ္ သက္ၿပီး သုေတသနလုပ္ထားတာ ေတြကို ေျပာျပထားကာ အႏၲ ရာယ္မ်ားလြန္းတဲ့အတြက္ ဆက္ မလုပ္ဖို႔နဲ႔ ဖ်က္ဆီးပစ္ဖို႔ မွာခဲ့ေပ မယ့္ လာရာကေတာ့ ေရွ႕ဆက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

အဲဒါနဲ႔ လာရာဟာ ေဟာင္ ေကာင္ကို ခရီးထြက္ခဲ့ၿပီး ဟီမီကို ဘုရင္မ အုတ္ဂူရွိႏိုင္မယ့္ ကြၽန္း ဆီကို သြားခဲ့ပါတယ္။ လမ္းမွာ မုန္တိုင္း အႀကီးအက်ယ္မိၿပီး သေဘၤာပ်က္ကာ ကြၽန္းတစ္ကြၽန္း ေပၚ ကမ္းတင္သြားၿပီး ဟီမီကို အုတ္ဂူကို လိုက္ရွာေနတဲ့ အဖြဲ႕ ေခါင္းေဆာင္ မက္သီရက္ဗိုဂယ္ ဆိုသူက ဖမ္းဆီးထားခဲ့ပါတယ္။

ဗိုဂယ္ဟာ ရစ္ခ်က္ကို သတ္ ပစ္ခဲ့ၿပီး ရစ္ခ်က္ရဲ႕ သုေတသန ျပဳခ်က္ေတြနဲ႔ ဟီမီကိုအုတ္ဂူ ကို ဆက္ရွာဖို႔ ႀကံစည္ေနတာပါ။ လာရာကို သေဘၤာကပၸတိန္ လူ ရန္က ကယ္ဆယ္ခဲ့ၿပီး ေဒသခံေရ လုပ္သားေတြ အကူအညီနဲ႔ အုတ္ ဂူရွိရာကြၽန္းဆီကို သြားခဲ့ပါတယ္။

ကြၽန္းေပၚမွာ ဘာေတြဆက္ျဖစ္မလဲ၊ ဟီမီကိုကို ဘယ္လိုတားဆီးမလဲဆိုတာေတာ့ ပရိသတ္ႀကီး ဆက္လက္ခံစားၾကည့္ၾကပါ။

(Mega) Large Size ~ Download

(Mega) Small Size ~ Download

(Megaup.net) Large Size ~ Download

(Megaup.net) Small Size ~ Download

(Direct Link) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *