Tomie: Re-birth ( 2001 )

15005
Share
Copy the link

တိုမီအဲရဲ့ စတုတ္ထမြောက်ကားလေးမှာတော့ ပန်းချီပညာရှင် ဟီဒဲအို ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ တိုမီအဲရဲ့ညှို့ငင်မှုနောက်ပါသွားပြီး ပုံတူဆွဲပေးရာကစပါတယ်ညှို့လို့သာပါရတယ်

သူတကယ်မြတ်နိုးတဲ့ကောင်မလေးဓာတ်ပုံကိုတွေ့တော့တိုမီအဲဟာ စိတ်ဆိုး ပုံတူပန်းချီကြီးကို ဖျက်စီးပစ်လို့ ဟီဒဲအိုလည်းလက်လွန်ပြီးသတ်လိုက်မိချိန် သူရဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ရွှန်း နဲ့ တာခုမိ တို့လာခေါ်ရင်းတွေ့သွားလို့ တောင်ပေါ်မှာတိတ်တဆိတ်သွားမြှုပ်ပစ်ကြတယ်

တိုမီအဲရဲ့အမာခံပရိတ်သတ်တွေကတော့ သူ့အကြောင်းသိမှာပါနော်သူဟာပြန်ရောက်လာပြီး ဟီဒဲအိုနဲ့ရွှန်းကို သူ့ကိုကြိုက်အောင်လုပ်လို့ရပေမယ့်သူ့ချစ်သူကို အရမ်းချစ်တဲ့ တာကုမိ ကိုတော့ လုံးဝမရခဲ့ပါဘူးသူ့ရဲ့အစိတ်အပိုင်းတွေကနေ တိုမီအဲတွေပွားလို့ရတဲ့သူဟာတာကုမိရဲ့ချစ်သူကို တိုမီအဲဖြစ်အောင်ပြောင်းဖို့ကြိုးစားပါလိမ့်မယ်

သူထင်သလိုရပါ့မလား တာကုမိရောကာကယ်နိုင်ပါ့မလားတိုမီအဲလို့ကြားလိုက်ရင် ရိုးနေမယ်လို့ထင်ရပေမယ့် ဒီကားကတော့ရှေ့သုံးကားထက်ပိုပြီး ဇာတ်အိမ်ပိုကောင်းပြီး သရုပ်ဆောင်တွေလည်းချောလို့ ကြည့်ရတာလုံးဝ တန်ပါတယ်

Zawgyi





(Yoteshin Portal) Large Size ~ Download

(Yoteshin Portal) Small Size ~ Download

(Users Drive) Large Size ~ Download

(Users Drive) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *