Tracks (2013)

17222
Share
Copy the link

ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဩစတေးခလျ Drama ကားကောင်းလေး တစ်ကားပါနာမည်ကတော့ Tracks ပါဒီကားလေးကိုတော့ ရော်ဘင်ဒေးဗစ်ဆန်ရဲ့ ဩစတေးလျသဲကန္တာရကို ကုလားအုတ်တွေနဲ့အတူ ၉ လကြာခရီးသွားခဲ့တဲ့အကြောင်း ရေးထားတဲ့ စာအုပ်ကို မှီငြမ်းပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်

သူ ဒီခရီးကို မစတင်ခင် ကြိုတင်ပြင်ဆင်ခဲ့ရတဲ့အပိုင်းမှာ သူ့ကိုယ်ပိုင် ကုလားအုတ်တွေရဖို့သူကိုယ်တိုင် ကြိုးစားခဲ့တာတွေကို ပြပေးထားတဲ့အပြင် တကယ်ခရီးသွားတဲ့အခါမှာကြုံတွေ့ရတာတွေကိုလည်း သေချာရိုက်ပြထားပါတယ်

သူခရီးသွားတဲ့အချိန်မှာ အရွယ်ရောက်ပြီးသား ကုလားအုတ် ၃ ကောင်ကုလားအုတ်ပေါက် ၁ ကောင် နဲ့ သူ့ရဲ့ သစ္စာရှိခွေးလေးနဲ့အတူ သွားခဲ့တာပါသူ့ကို ခရီးစရိတ်ရဖို့ National Geographic က ဓာတ်ပုံဆရာ ရစ်က စပွန်ဆာရအောင် လုပ်ပေးခဲ့တာပါ

သူတို့ လမ်းခရီးမှာ ဘာတွေ ကြုံရတယ်ဆိုတာကို ရိုက်ပြထားတာက ကိုယ်တကယ်ပဲအဲဒီခရီးကို လိုက်ပါရသလို မြင်တွေ့ခံစားရတာမို့ လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားလေးလို့ ညွှန်းပေးချင်ပါတယ်

Zawgyi





(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Yuu Drive) Large Size ~ Download

(Megaup.net) Large Size ~ Download

(Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *