Trash (2014)

16024
Share
Copy the link

အမှိုက်ပုံက ဇာတ်လမ်းတစ်ပုဒ်… အမှိုက်ပုံမှာစပြီး ဘယ်မှာဆုံးမယ်ဆိုတာတော့….ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်တွေကတော့ အမှိုက်ပုံက ပြန်အသုံးဝင်မယ့် ရောင်းလို့ရမယ့် ပစ္စည်းလေးတွေကို ရှာဖွေရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အသက်(၁၄)နှစ်အရွယ် Raphael, Gardo, နဲ့ Rat လို့ အမည်ရတဲ့ ကောင်လေး(၃)ယောက်ပါ။

Raphael, Gardo, နဲ့ Rat တို့ဟာ တစ်မြို့လုံးရဲ့ အမှိုက်များလာရောက်စုပုံရာ အမှိုက်ပုံ အနီးအနားမှာ ကျူးကျော်နေထိုင်လျက်ရှိကြတဲ့ မိသားစုတွေ အိမ်ခြေမဲ့တွေ အောက်ခြေလူတန်းစားတွေထဲက ကလေးတွေပါ..

Jose Angelo – သူက အသက် (၉)နှစ်အရွယ်ရှိတဲ့ Pia လို့အမည်ရတဲ့ ကလေးမလေးရဲ့ ဖခင်တစ်ဦးသူ့သမီးလေးရဲ့ အခေါင်းကို ဂူသွင်းပြီး အိမ်အပြန်အလာ.. အကြောင်းတစ်ခုကြောင့် ရဲတွေရဲ့ လက်က လွတ်မြောက်အောင်ထွက်ပြေးရင်း မလွတ်နိုင်တဲ့အဆုံး .. သူ့ရဲ့ ပိုက်ဆံအိတ်ကို အမှိုက်ကားထဲပစ်ထည့်ကာ အဖမ်းခံခဲ့ပါတယ်။

အဲဒိနောက်မှာတော့ Jose Angelo က စစ်ဆေးမေးမြန်းခံရင်း အနှိပ်စက်ခံရကာ သေဆုံးသွားခဲ့ပါတယ်။သူ့ရဲ့ ပိုက်ဆံအိတ်ကိုတော့ Raphael က အမှိုက်ပုံမှာ အလုပ်လုပ်နေရာက တွေ့ရှိခဲ့ပြီး Gardo နဲ့ အတူ အထဲမှာ ပါရှိတဲ့ ပိုက်ဆံ 300 ခန့်ကို ခွဲဝေသုံးစွဲလိုက်ပါတယ်။ရဲတွေက Raphael တို့နေထိုင်ရာသို့ ရောက်ရှိလာပြီး ပိုက်ဆံအိတ်ကို လိုက်လံရှာဖွေပါတော့တယ်။

ပိုက်ဆံအိတ်ထဲမှာ ငွေတွေအများကြီးမပါသလို အခြားအဖိုးတန်ပစ္စည်းဘာမှ မပါပေမယ့် ပိုက်ဆံအိတ်ရှာတွေ့တဲ့သူကို ထုတ်ပေးမယ့် ဆုငွေက မက်လောက်စရာဖြစ်နေတဲ့အတွက် Raphael နဲ့ Gardo တို့က Rat နဲ့ ပေါင်းပြီးပိုက်ဆံအိတ်ပိုင်ရှင်အကြောင်းကို စုံစမ်းကြပါတော့တယ်။

သူတို့ မျှော်လင့်တာက ဒီပိုက်ဆံအိတ်ကို အရင်းပြုပြီး ဆုငွေထက် ပိုပြီးများတဲ့ အကျိုးအမြတ်ရရှိနိုင်ဖို့ပါ။အဲဒီနောက်မှာ သိခဲ့ရတာတော့ သူတို့ ပတ်သက်နေမိတာက လက်ရှိအာဏာရ နိုင်ငံရေးသမား Santos ရဲ့ မသမာတဲ့လုပ်ရပ်တွေ… အမှိုက်ထက်ပိုညစ်ပတ်နံစော်နေတဲ့ လုပ်ရပ်တွေကို စုစည်းထားတဲ့ စာအုပ်တစ်အုပ်ရယ်… မသန့်ရှင်းတဲ့ ငွေတွေရယ်..

ဒါတွေကို အသဲအသန်ပြန်လိုချင်နေတဲ့ Santos နဲ့ သူ့ရဲ့ လက်ပါးစေ အင်အားကြီး လူတစ်စုရဲ့ အရှုပ်တော်ပုံဆိုတာပါပဲ။ရဲတွေက စုံစမ်းမေးမြန်းရင်နဲ့ Raphael တို့ကို သံသယဝင်သွားတာကြောင့် Raphael ကို ပိုက်ဆံအိတ်ဘယ်မှာရှိတယ်ဆိုတာကို စစ်မေးဖို့ ဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်။

သူတို့လို အမှိုက်ကောက်တဲ့ ကလေးသာသာ လူငယ်လေး(၃)ယောက်က အာဏာရှိနိုင်ငံရေးသမားတစ်ယောက်ရဲ့ အာဏာတည်မြဲဖို့အတွက် သူ့လုပ်ရပ်တွေကို လိုက်လံဖုံးဖိနေတာကို ဘယ်လိုများ ခုခံနိုင်စွမ်းမလဲ…သူတို့ဘက်မှာရှိနေတာက သူတို့ကို စာသင်ပေးတဲ့ စေတနာ့ဝန်ထမ်း အမေရိကန်နိုင်ငံသူ ဆရာမလေး ၊

နောက်ပြီး ဘာသာတရားကို ကိုင်းရှိုင်းတတ်ဖို့ ဖခင်သဖွယ်မေတ္တာနဲ့ ကြင်နာတဲ့ ဘုန်းတော်ကြီးဆိုတော့ကာ…Raphael, Gardo, နဲ့ Rat တို့တတွေ မသမာသူလူတစ်ခုလက်ထဲက လွတ်မြောက်နိုင်ပါ့မလား….သူတို့အတွက် မနက်ဖြန်ဆိုတာရှိနိုင်ပါ့အုန်းမလားဆိုတာ….

ဒီဇာတ်ကားကို The Hours (2002) / The reader (2008) အစရိုတဲ့ ဇာတ်ကားကောင်းတွေကို ရိုက်ကူးခဲ့တဲ့ Director Stephen Daldry ကရိုက်ကူးထားပြီး rating အနေနဲ့ကတော့ IMDb 7.1/10 နဲ့ Rotten Tomatoes 64 % ရရှိထားပါတယ်။

ပုံမှန် Crime/ Action / Thriller ကြည့်နေကြသူတွေလည်း ဒီဇာတ်ကားကြည့်မိရင် ဗီလိန်ရဲ့ အခန်းကဏ္ဍအားနည်းနေတာကို သတိထားမိမှာပါ။ ဒါပေမယ့် ဇာတ်ကားတစ်ခုလုံးက Drama ဘက်ကို အသားပေးပြီးရိုက်ကူးထားတာကြောင့် အဓိက ပေးချင်တဲ့ Message ကို တော့ရရှိမှာပါ။

ဇာတ်ကားထဲမှာ ကလေး(၃)ယောက်လုံးက အမှိုက်ကောက်စီးပွားရှာရင်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကြတဲ့ ကလေးငယ်တွေဖြစ်သလို.. ကျင်လည်ကျက်စားရတဲ့ ပတ်ဝန်းကျင် ကြောင့်ရော.. ကလေးတွေက အရွယ်နဲ့မလိုက်အောင် လူရည်လည်ကြပါတယ်။

စီးပွားကိုခက်ခဲပင်ပန်းစွာရှာဖွေနေရတာကြောင့်လည်း ငွေတန်ဖိုးကို သိတတ်နားလည်ကြသလို လူကြီးတွေမှာရှိတတ်တဲ့ လောဘလည်း ရှိကြပါတယ်။ဒါပေမယ့် သူတို့ဟာ စီးပွားရှာသလို တစ်ဖက်ကလည်း ဘုရားကျောင်းပုံမှန်တက်ကြတဲ့ကလေးငယ်တွေပါ..

လူကြီးတွေလို ဘာသာရေးကိုင်းရှိုင်းတာမျိုးမရှိတောင် ဘုရားသခင်ရဲ့ အသံကို နားထောင်တတ်ကြတဲ့ ကလေးငယ်တွေလဲဖြစ်ပါတယ်။တစ်ချို့နေရာတွေမှာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ ပေးဆပ်မှုတွေဟာ.. သာမန်လူကြီးတစ်ယောက်တောင် ဆုံးဖြတ်ဖို့ခက်ခဲတဲ့အရာတွေပါ..

ဒီဇာတ်ကားကိုကြည့်ရှုခြင်းအားဖြင့် ကျွန်တော်တို့ကို ကလေး(၃)ယောက်က အများကြီးသင်ပြပေးသွားပါတယ်။

Zawgyi

အမႈိက္ပုံက ဇာတ္လမ္းတစ္ပုဒ္… အမႈိက္ပုံမွာစၿပီး ဘယ္မွာဆုံးမယ္ဆိုတာေတာ့….ဒီဇာတ္လမ္းရဲ႕ အဓိက ဇာတ္လိုက္ေတြကေတာ့ အမႈိက္ပုံက ျပန္အသုံးဝင္မယ့္ ေရာင္းလို႔ရမယ့္ ပစၥည္းေလးေတြကို ရွာေဖြရင္း အသက္ေမြးဝမ္းေၾကာင္းျပဳေနတဲ့ အသက္(၁၄)ႏွစ္အ႐ြယ္ Raphael, Gardo, နဲ႔ Rat လို႔ အမည္ရတဲ့ ေကာင္ေလး(၃)ေယာက္ပါ။

Raphael, Gardo, နဲ႔ Rat တို႔ဟာ တစ္ၿမိဳ႕လုံးရဲ႕ အမႈိက္မ်ားလာေရာက္စုပုံရာ အမႈိက္ပုံ အနီးအနားမွာ က်ဴးေက်ာ္ေနထိုင္လ်က္ရွိၾကတဲ့ မိသားစုေတြ အိမ္ေျခမဲ့ေတြ ေအာက္ေျခလူတန္းစားေတြထဲက ကေလးေတြပါ..

Jose Angelo – သူက အသက္ (၉)ႏွစ္အ႐ြယ္ရွိတဲ့ Pia လို႔အမည္ရတဲ့ ကေလးမေလးရဲ႕ ဖခင္တစ္ဦးသူ႔သမီးေလးရဲ႕ အေခါင္းကို ဂူသြင္းၿပီး အိမ္အျပန္အလာ.. အေၾကာင္းတစ္ခုေၾကာင့္ ရဲေတြရဲ႕ လက္က လြတ္ေျမာက္ေအာင္ထြက္ေျပးရင္း မလြတ္ႏိုင္တဲ့အဆုံး .. သူ႔ရဲ႕ ပိုက္ဆံအိတ္ကို အမႈိက္ကားထဲပစ္ထည့္ကာ အဖမ္းခံခဲ့ပါတယ္။

အဲဒိေနာက္မွာေတာ့ Jose Angelo က စစ္ေဆးေမးျမန္းခံရင္း အႏွိပ္စက္ခံရကာ ေသဆုံးသြားခဲ့ပါတယ္။သူ႔ရဲ႕ ပိုက္ဆံအိတ္ကိုေတာ့ Raphael က အမႈိက္ပုံမွာ အလုပ္လုပ္ေနရာက ေတြ႕ရွိခဲ့ၿပီး Gardo နဲ႔ အတူ အထဲမွာ ပါရွိတဲ့ ပိုက္ဆံ 300 ခန႔္ကို ခြဲေဝသုံးစြဲလိုက္ပါတယ္။ရဲေတြက Raphael တို႔ေနထိုင္ရာသို႔ ေရာက္ရွိလာၿပီး ပိုက္ဆံအိတ္ကို လိုက္လံရွာေဖြပါေတာ့တယ္။

ပိုက္ဆံအိတ္ထဲမွာ ေငြေတြအမ်ားႀကီးမပါသလို အျခားအဖိုးတန္ပစၥည္းဘာမွ မပါေပမယ့္ ပိုက္ဆံအိတ္ရွာေတြ႕တဲ့သူကို ထုတ္ေပးမယ့္ ဆုေငြက မက္ေလာက္စရာျဖစ္ေနတဲ့အတြက္ Raphael နဲ႔ Gardo တို႔က Rat နဲ႔ ေပါင္းၿပီးပိုက္ဆံအိတ္ပိုင္ရွင္အေၾကာင္းကို စုံစမ္းၾကပါေတာ့တယ္။

သူတို႔ ေမွ်ာ္လင့္တာက ဒီပိုက္ဆံအိတ္ကို အရင္းျပဳၿပီး ဆုေငြထက္ ပိုၿပီးမ်ားတဲ့ အက်ိဳးအျမတ္ရရွိႏိုင္ဖို႔ပါ။အဲဒီေနာက္မွာ သိခဲ့ရတာေတာ့ သူတို႔ ပတ္သက္ေနမိတာက လက္ရွိအာဏာရ ႏိုင္ငံေရးသမား Santos ရဲ႕ မသမာတဲ့လုပ္ရပ္ေတြ… အမႈိက္ထက္ပိုညစ္ပတ္နံေစာ္ေနတဲ့ လုပ္ရပ္ေတြကို စုစည္းထားတဲ့ စာအုပ္တစ္အုပ္ရယ္… မသန႔္ရွင္းတဲ့ ေငြေတြရယ္..

ဒါေတြကို အသဲအသန္ျပန္လိုခ်င္ေနတဲ့ Santos နဲ႔ သူ႔ရဲ႕ လက္ပါးေစ အင္အားႀကီး လူတစ္စုရဲ႕ အရႈပ္ေတာ္ပုံဆိုတာပါပဲ။ရဲေတြက စုံစမ္းေမးျမန္းရင္နဲ႔ Raphael တို႔ကို သံသယဝင္သြားတာေၾကာင့္ Raphael ကို ပိုက္ဆံအိတ္ဘယ္မွာရွိတယ္ဆိုတာကို စစ္ေမးဖို႔ ဖမ္းဆီးေခၚေဆာင္သြားပါေတာ့တယ္။

သူတို႔လို အမႈိက္ေကာက္တဲ့ ကေလးသာသာ လူငယ္ေလး(၃)ေယာက္က အာဏာရွိႏိုင္ငံေရးသမားတစ္ေယာက္ရဲ႕ အာဏာတည္ၿမဲဖို႔အတြက္ သူ႔လုပ္ရပ္ေတြကို လိုက္လံဖုံးဖိေနတာကို ဘယ္လိုမ်ား ခုခံႏိုင္စြမ္းမလဲ…သူတို႔ဘက္မွာရွိေနတာက သူတို႔ကို စာသင္ေပးတဲ့ ေစတနာ့ဝန္ထမ္း အေမရိကန္ႏိုင္ငံသူ ဆရာမေလး ၊

ေနာက္ၿပီး ဘာသာတရားကို ကိုင္းရႈိင္းတတ္ဖို႔ ဖခင္သဖြယ္ေမတၱာနဲ႔ ၾကင္နာတဲ့ ဘုန္းေတာ္ႀကီးဆိုေတာ့ကာ…Raphael, Gardo, နဲ႔ Rat တို႔တေတြ မသမာသူလူတစ္ခုလက္ထဲက လြတ္ေျမာက္ႏိုင္ပါ့မလား….သူတို႔အတြက္ မနက္ျဖန္ဆိုတာရွိႏိုင္ပါ့အုန္းမလားဆိုတာ….

ဒီဇာတ္ကားကို The Hours (2002) / The reader (2008) အစ႐ိုတဲ့ ဇာတ္ကားေကာင္းေတြကို ႐ိုက္ကူးခဲ့တဲ့ Director Stephen Daldry က႐ိုက္ကူးထားၿပီး rating အေနနဲ႔ကေတာ့ IMDb 7.1/10 နဲ႔ Rotten Tomatoes 64 % ရရွိထားပါတယ္။

ပုံမွန္ Crime/ Action / Thriller ၾကည့္ေနၾကသူေတြလည္း ဒီဇာတ္ကားၾကည့္မိရင္ ဗီလိန္ရဲ႕ အခန္းက႑အားနည္းေနတာကို သတိထားမိမွာပါ။ ဒါေပမယ့္ ဇာတ္ကားတစ္ခုလုံးက Drama ဘက္ကို အသားေပးၿပီး႐ိုက္ကူးထားတာေၾကာင့္ အဓိက ေပးခ်င္တဲ့ Message ကို ေတာ့ရရွိမွာပါ။

ဇာတ္ကားထဲမွာ ကေလး(၃)ေယာက္လုံးက အမႈိက္ေကာက္စီးပြားရွာရင္း ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ၾကတဲ့ ကေလးငယ္ေတြျဖစ္သလို.. က်င္လည္က်က္စားရတဲ့ ပတ္ဝန္းက်င္ ေၾကာင့္ေရာ.. ကေလးေတြက အ႐ြယ္နဲ႔မလိုက္ေအာင္ လူရည္လည္ၾကပါတယ္။

စီးပြားကိုခက္ခဲပင္ပန္းစြာရွာေဖြေနရတာေၾကာင့္လည္း ေငြတန္ဖိုးကို သိတတ္နားလည္ၾကသလို လူႀကီးေတြမွာရွိတတ္တဲ့ ေလာဘလည္း ရွိၾကပါတယ္။ဒါေပမယ့္ သူတို႔ဟာ စီးပြားရွာသလို တစ္ဖက္ကလည္း ဘုရားေက်ာင္းပုံမွန္တက္ၾကတဲ့ကေလးငယ္ေတြပါ..

လူႀကီးေတြလို ဘာသာေရးကိုင္းရႈိင္းတာမ်ိဳးမရွိေတာင္ ဘုရားသခင္ရဲ႕ အသံကို နားေထာင္တတ္ၾကတဲ့ ကေလးငယ္ေတြလဲျဖစ္ပါတယ္။တစ္ခ်ိဳ႕ေနရာေတြမွာ သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြ ေပးဆပ္မႈေတြဟာ.. သာမန္လူႀကီးတစ္ေယာက္ေတာင္ ဆုံးျဖတ္ဖို႔ခက္ခဲတဲ့အရာေတြပါ..

ဒီဇာတ္ကားကိုၾကည့္ရႈျခင္းအားျဖင့္ ကြၽန္ေတာ္တို႔ကို ကေလး(၃)ေယာက္က အမ်ားႀကီးသင္ျပေပးသြားပါတယ္။

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *