Troy (2004)

20533
Share
Copy the link

ဇာတ်လမ်းအကျဉ်းကို တင်ပြရပါမူ ဟယ်လင်နှင့်ပဲရစ်တို့၏ ချစ်ခြင်းကနေ နှစ်ပြည်ထောင်ခင်းကျင်းသော စစ်ပွဲကြီးတစ်ပွဲစတင်ခဲ့သည်ဟု ဆိုရပေမည်။ပဲရစ်၏အကိုတော် ဟက်တာအနေဖြင့် ညီခိုးယူလာသည့် မိန်းကလေးသည် ဂရိနိုင်ငံက ဘုရင်ကြီးခယ်မမှန်းမသိခဲ့ချေ ။

သိရှိချိန်မှာမူ နောက်ကျခဲ့လေပြီ။အာချိလိအမှု းပြု သော ဂရိအင်ပါယာတပ်မကြီးသည် ထရွို င်မြို့နိုင်ငံအား သိမ်းပိုက်ဖို့ချီတက်ခဲ့တော့သည်။သို့ဖြစ်စေကာမူ ခံစစ်အားတောင့်တင်းလှသည့် အီလီယွန် မြို့အား သိမ်းပိုက်ဖို့ မလွယ်လှချေ ။

ထို့နောက်တွင် စစ်သူရဲ အာချိလိနှင့် ထရွို င်မြို့မှ မင်းသား ဟက်တာနှင့် ပဲရစ်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြပုံအား ရှု့စားရမှာဖြစ်ပါသည်။ဒါရိုက်တာကြီး ပီတာဆင်အနေဖြင့် အာချိလိ ဇာတ်ရုပ်အား ပိုမိုရုပ်လုံးကြွစေရန်အတွက် သူရဲကောင်း ဇာတ်ရုပ်တိုင်း ပုံစံသေဖွဲ့စည်းလေ့ရှိသည့် ထီမထင်သူ။ရာထူးဂုဏ်သိမ်မမက်မောသူ။

ပင်ကို ဖွဲ့စည်းပြီးသား စရိုက်ဖြစ်သည့် ဒေါသခက်ထန်သူတစ်ဦးအဖြစ် အာချိလိဇာတ်ရုပ်ရုပ်လုံးအား ပီပြင်စွာ တင်ဆက်ပေးနိုင်ခဲ့သလို သူနှင့် ဆန့်ကျင်ဘက် ရန်သူဖြစ်သွားရှာတဲ့ ပဲရစ် အကိုတော် ဟက်တာဇာတ်ရုပ်ကိုလည်း လက်ရုံးရည် နှလုံးရည်ပြည့်ဝသူတစ်ဦးအဖြစ်သာမကပဲ စစ်မက်ငြိမ်းချမ်းရေးသာအလိုရှိသူ။

အာဏာဂုဏ်သိမ်အား မမက်မောသူ။မိသားစုအပေါ်ဖခင်ကောင်းပီသရှာသူ။အနိုင်မရနိုင်မှန်းသိသော်လည်း သူရဲကောင်းပီသစွာ နောက်မဆုတ်ပဲ တိုက်ခိုက်သူတစ်ဦးအဖြစ် အာချိလိ၏ သတ္တိဗျတ္တိများအား အားကျစဖွယ်ဖော်ကျူ းနိုင်သကဲ့သို့ပင် မင်းသားတော်ဟက်တာအပေါ်ကိုလည်း လေးစားဂရုဏာသက်ဖွယ်ခံစားခဲ့ရသည့် စံပြဇာတ်ကောင်အသွင်ဖြင့် ပေါင်းစပ်ပေးနိုင်ခဲ့ပါသည်။

ရာဇဝင်များထဲမှာ အခိုင်အမာထည့်သွင်းထားသည့် နတ်ဘုရားအရှိန်အဝါသရုပ်ဖော်ပုံတွေကိုလည်း မှေးမှိန်ပစ်ရုံသာမက ထိုသို့ယုံကြည်မှု သည် အချည်းနှီးအမြင်သာဖြစ်ကြောင်း (ဆရာချစ်ဦးညို ၏ လင်္ကာဒီပချစ်သူ ဝတ္ထု လိုမျို း) ကောင်းကင်က အရာကို မြေကြီးပေါ် ပစ်ချပစ်ခဲ့သည်။

အာချိလိ၏ အပိုလိုနတ်ဘုရားရုပ်တုဦးခေါင်းကို ဓါးဖြင့်ခုတ်ချလိုက်မှု ပုံရိပ်ဖြင့် ပြောင်းပြန်လှန်ပစ်လိုက်သည်။ထို့အတူ အာချိလိ၏ အားနည်းချက်တစ်ခုဖြစ်သော ခြေဖနောင့် နေရာကိုလည်း လူသားမှန်လျှင် ဒဏ်ရာသင့်ပါက သေဆုံးရမည်ဆိုသည့် မူလဖန်တီးမှု ကိုလည်း မသွေဖီသလို လက်တွေ့သရုပ်ကျမှု ဖြင့်လည်း အံဝင်ဂွင်ကျဖြစ်အောင် အကောင်းဆုံးပေါင်းစပ်ခဲ့သည်ကိုလည်း ရှု့မြင်ရပါမည်။

သူရဲကောင်းမှန်သူတိုက်ပါက စစ်ပွဲတိုင်း အောင်နိုင်သည် တရားသည်ဟု ဝါဒဖြန့်လေ့ရှိတဲ့ အမြင်ဆာလောင်မှု ကိုလည်း စစ်ပွဲ၏ကြောက်မက်ဖွယ် သွေးသံရဲရဲ ခြေပြတ်လက်ပြတ် သေဆုံးကြရမှု များဖြင့် အားကျဖွယ်ရာ မရှိကြောင်း ။

စစ်ပွဲမှန်သမျှသည် နာကျင်ဆုတ်ယုတ်ဖွယ်ရာတွေကိုသာ ခံစားရတာဖြစ်ကြောင်းကိုသေကျေနေကြသည့် အလောင်းကောင်တွေ ။ပြို ပျက်လောင်မြို က်နေကြသည့် အဆောက်အဦမြင်ကွင်းများနှင့် သွေးပျက်ဖွယ်ခံစားမှု ဆီကို ပြောင်းလဲမြင်ယောင်မိမှာ သေချာပါသည်။

ဇာတ်လမ်းအဆုံးသတ်မှာ ပဲရစ်၏ မလျော်ကန်သော အထားအသိုမှားသော ချစ်ခြင်းမေတ္တာအတွက် အော့နှလုံးနာမိသလို အာချိလိနှင့် ဟက်တာတို့၏ ယုံကြည်ရာကောင်းကင်ပြာအောက်မှ ဖွဲဖွဲလွင့်ကြွေကျလာကြတဲ့ ကြက်သွေးရောင် မိုးစက်ပွင့်များ လွင့်ပါးသွားရာနောက်ကိုလည်း နာကျင်ကြေကွဲစွာဖြင့် ငေးရီနေမိခဲ့တာ သေချာသည်။

ထရွို င်မြို့အောင်ပွဲဟာ ပြုသူရော ဖြစ်သူရော မှန်ကန်တဲ့ရလဒ်တွေကို ပိုက်ထွေးရရှိခဲ့တာ သေချာခဲ့ပါသလား ဆိုတာကိုတော့ ။

Zawgyi

ဇာတ္လမ္းအက်ဥ္းကို တင္ျပရပါမူ ဟယ္လင္ႏွင့္ပဲရစ္တို႔၏ ခ်စ္ျခင္းကေန ႏွစ္ျပည္ေထာင္ခင္းက်င္းေသာ စစ္ပြဲႀကီးတစ္ပြဲစတင္ခဲ့သည္ဟု ဆိုရေပမည္။ပဲရစ္၏အကိုေတာ္ ဟက္တာအေနျဖင့္ ညီခိုးယူလာသည့္ မိန္းကေလးသည္ ဂရိႏိုင္ငံက ဘုရင္ႀကီးခယ္မမွန္းမသိခဲ့ေခ် ။

သိရွိခ်ိန္မွာမူ ေနာက္က်ခဲ့ေလၿပီ။အာခ်ိလိအမႈ းျပဳ ေသာ ဂရိအင္ပါယာတပ္မႀကီးသည္ ထ႐ြိဳ င္ၿမိဳ႕ႏိုင္ငံအား သိမ္းပိုက္ဖို႔ခ်ီတက္ခဲ့ေတာ့သည္။သို႔ျဖစ္ေစကာမူ ခံစစ္အားေတာင့္တင္းလွသည့္ အီလီယြန္ ၿမိဳ႕အား သိမ္းပိုက္ဖို႔ မလြယ္လွေခ် ။

ထို႔ေနာက္တြင္ စစ္သူရဲ အာခ်ိလိႏွင့္ ထ႐ြိဳ င္ၿမိဳ႕မွ မင္းသား ဟက္တာႏွင့္ ပဲရစ္တို႔ အျပန္ျပန္အလွန္လွန္ တိုက္ခိုက္ၾကပုံအား ရႈ႕စားရမွာျဖစ္ပါသည္။ဒါ႐ိုက္တာႀကီး ပီတာဆင္အေနျဖင့္ အာခ်ိလိ ဇာတ္႐ုပ္အား ပိုမို႐ုပ္လုံးႂကြေစရန္အတြက္ သူရဲေကာင္း ဇာတ္႐ုပ္တိုင္း ပုံစံေသဖြဲ႕စည္းေလ့ရွိသည့္ ထီမထင္သူ။ရာထူးဂုဏ္သိမ္မမက္ေမာသူ။

ပင္ကို ဖြဲ႕စည္းၿပီးသား စ႐ိုက္ျဖစ္သည့္ ေဒါသခက္ထန္သူတစ္ဦးအျဖစ္ အာခ်ိလိဇာတ္႐ုပ္႐ုပ္လုံးအား ပီျပင္စြာ တင္ဆက္ေပးႏိုင္ခဲ့သလို သူႏွင့္ ဆန႔္က်င္ဘက္ ရန္သူျဖစ္သြားရွာတဲ့ ပဲရစ္ အကိုေတာ္ ဟက္တာဇာတ္႐ုပ္ကိုလည္း လက္႐ုံးရည္ ႏွလုံးရည္ျပည့္ဝသူတစ္ဦးအျဖစ္သာမကပဲ စစ္မက္ၿငိမ္းခ်မ္းေရးသာအလိုရွိသူ။

အာဏာဂုဏ္သိမ္အား မမက္ေမာသူ။မိသားစုအေပၚဖခင္ေကာင္းပီသရွာသူ။အႏိုင္မရႏိုင္မွန္းသိေသာ္လည္း သူရဲေကာင္းပီသစြာ ေနာက္မဆုတ္ပဲ တိုက္ခိုက္သူတစ္ဦးအျဖစ္ အာခ်ိလိ၏ သတၱိဗ်တၱိမ်ားအား အားက်စဖြယ္ေဖာ္က်ဴ းႏိုင္သကဲ့သို႔ပင္ မင္းသားေတာ္ဟက္တာအေပၚကိုလည္း ေလးစားဂ႐ုဏာသက္ဖြယ္ခံစားခဲ့ရသည့္ စံျပဇာတ္ေကာင္အသြင္ျဖင့္ ေပါင္းစပ္ေပးႏိုင္ခဲ့ပါသည္။

ရာဇဝင္မ်ားထဲမွာ အခိုင္အမာထည့္သြင္းထားသည့္ နတ္ဘုရားအရွိန္အဝါသ႐ုပ္ေဖာ္ပုံေတြကိုလည္း ေမွးမွိန္ပစ္႐ုံသာမက ထိုသို႔ယုံၾကည္မႈ သည္ အခ်ည္းႏွီးအျမင္သာျဖစ္ေၾကာင္း (ဆရာခ်စ္ဦးညိဳ ၏ လကၤာဒီပခ်စ္သူ ဝတၳဳ လိုမ်ိဳ း) ေကာင္းကင္က အရာကို ေျမႀကီးေပၚ ပစ္ခ်ပစ္ခဲ့သည္။

အာခ်ိလိ၏ အပိုလိုနတ္ဘုရား႐ုပ္တုဦးေခါင္းကို ဓါးျဖင့္ခုတ္ခ်လိုက္မႈ ပုံရိပ္ျဖင့္ ေျပာင္းျပန္လွန္ပစ္လိုက္သည္။ထို႔အတူ အာခ်ိလိ၏ အားနည္းခ်က္တစ္ခုျဖစ္ေသာ ေျခဖေနာင့္ ေနရာကိုလည္း လူသားမွန္လွ်င္ ဒဏ္ရာသင့္ပါက ေသဆုံးရမည္ဆိုသည့္ မူလဖန္တီးမႈ ကိုလည္း မေသြဖီသလို လက္ေတြ႕သ႐ုပ္က်မႈ ျဖင့္လည္း အံဝင္ဂြင္က်ျဖစ္ေအာင္ အေကာင္းဆုံးေပါင္းစပ္ခဲ့သည္ကိုလည္း ရႈ႕ျမင္ရပါမည္။

သူရဲေကာင္းမွန္သူတိုက္ပါက စစ္ပြဲတိုင္း ေအာင္ႏိုင္သည္ တရားသည္ဟု ဝါဒျဖန႔္ေလ့ရွိတဲ့ အျမင္ဆာေလာင္မႈ ကိုလည္း စစ္ပြဲ၏ေၾကာက္မက္ဖြယ္ ေသြးသံရဲရဲ ေျချပတ္လက္ျပတ္ ေသဆုံးၾကရမႈ မ်ားျဖင့္ အားက်ဖြယ္ရာ မရွိေၾကာင္း ။

စစ္ပြဲမွန္သမွ်သည္ နာက်င္ဆုတ္ယုတ္ဖြယ္ရာေတြကိုသာ ခံစားရတာျဖစ္ေၾကာင္းကိုေသေက်ေနၾကသည့္ အေလာင္းေကာင္ေတြ ။ၿပိဳ ပ်က္ေလာင္ၿမိဳ က္ေနၾကသည့္ အေဆာက္အဦျမင္ကြင္းမ်ားႏွင့္ ေသြးပ်က္ဖြယ္ခံစားမႈ ဆီကို ေျပာင္းလဲျမင္ေယာင္မိမွာ ေသခ်ာပါသည္။

ဇာတ္လမ္းအဆုံးသတ္မွာ ပဲရစ္၏ မေလ်ာ္ကန္ေသာ အထားအသိုမွားေသာ ခ်စ္ျခင္းေမတၱာအတြက္ ေအာ့ႏွလုံးနာမိသလို အာခ်ိလိႏွင့္ ဟက္တာတို႔၏ ယုံၾကည္ရာေကာင္းကင္ျပာေအာက္မွ ဖြဲဖြဲလြင့္ေႂကြက်လာၾကတဲ့ ၾကက္ေသြးေရာင္ မိုးစက္ပြင့္မ်ား လြင့္ပါးသြားရာေနာက္ကိုလည္း နာက်င္ေၾကကြဲစြာျဖင့္ ေငးရီေနမိခဲ့တာ ေသခ်ာသည္။

ထ႐ြိဳ င္ၿမိဳ႕ေအာင္ပြဲဟာ ျပဳသူေရာ ျဖစ္သူေရာ မွန္ကန္တဲ့ရလဒ္ေတြကို ပိုက္ေထြးရရွိခဲ့တာ ေသခ်ာခဲ့ပါသလား ဆိုတာကိုေတာ့ ။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *