Twin Dragons (1992)

15500
Share
Copy the link

1992 တုန်းကထွက်ရှိခဲ့တဲ့ ဂျက်ကီချန်းရဲ့ ရှားရှားပါးပါး အမြွှာ ၂ ယောက်အဖြစ်သရုပ်ဆောင်ထားတဲ့ ဟာသ အက်ရှင် ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Jackie Chan နဲ့ မင်းသမီးချောတွေဖြစ်တဲ့ Maggie Cheung ၊ Nina Li Chi တို့ ပါဝင်ထားကြပါတယ်။

ချမ်းသာတဲ့မိသားစုကနေ မွေးဖွားလာခဲ့ကြပေမယ့် မတော်တဆမှုတစ်ခုကြောင့် ငယ်ငယ်လေးကတည်းက ကွဲကွာသွားခဲ့ကြတဲ့ အမြွှာနှစ်ယောက်မှာ တစ်ယောက်ကတော့ မိသားစုထဲမှာ ကျန်နေခဲ့ပေမယ့် နောက်ထပ်တစ်ယောက်ကတော့ မိန်းမရွှင်တစ်ယောက်ရဲ့လက်ထဲ ပါသွားခဲ့ပါတယ်။

ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် မတူညီကြတဲ့အလျောက် ချမ်းသာတဲ့မိသားစုမှာ ကျန်ခဲ့တဲ့ကလေးကတော့ ကမ္ဘာကျော် အနုပညာရှင်ကြီးဖြစ်လာခဲ့ပြီး နောက်အမြွှာလေးတစ်ယောက်ကတော့ စက်ပြင်ဆရာတစ်ယောက်သာ ဖြစ်လာခဲ့ပါတယ်။

သူတို့အမြွှာနှစ်ယောက် အမှတ်မထင်ပြန်ဆုံတဲ့အခါ ခွဲမရအောင်တူတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် ကိစ္စတိုင်း အလွဲလွဲအချော်ချော်ဖြစ်ကြပြီး အခက်အခဲဖြစ်ကြရပုံတွေကို ဂျက်ကီချန်းဇာတ်ကားတွေရဲ့ သဘောသဘာဝအတိုင်း ဟာသလေးနှောပြီး ရိုက်ကူးတင်ဆက်ထားတာမို့ ရယ်မောရင်ခုန်ရင်း ကြည့်ရှုရမယ့် ဟာသ၊ အက်ရှင်ဇာတ်လမ်းကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။

Zawgyi

1992 တုန္းကထြက္ရွိခဲ့တဲ့ ဂ်က္ကီခ်န္းရဲ႕ ရွားရွားပါးပါး အႁမႊာ ၂ ေယာက္အျဖစ္သ႐ုပ္ေဆာင္ထားတဲ့ ဟာသ အက္ရွင္ ဇာတ္ကားျဖစ္ပါတယ္။ မင္းသားႀကီး Jackie Chan နဲ႔ မင္းသမီးေခ်ာေတြျဖစ္တဲ့ Maggie Cheung ၊ Nina Li Chi တို႔ ပါဝင္ထားၾကပါတယ္။

ခ်မ္းသာတဲ့မိသားစုကေန ေမြးဖြားလာခဲ့ၾကေပမယ့္ မေတာ္တဆမႈတစ္ခုေၾကာင့္ ငယ္ငယ္ေလးကတည္းက ကြဲကြာသြားခဲ့ၾကတဲ့ အႁမႊာႏွစ္ေယာက္မွာ တစ္ေယာက္ကေတာ့ မိသားစုထဲမွာ က်န္ေနခဲ့ေပမယ့္ ေနာက္ထပ္တစ္ေယာက္ကေတာ့ မိန္းမ႐ႊင္တစ္ေယာက္ရဲ႕လက္ထဲ ပါသြားခဲ့ပါတယ္။

ႀကီးျပင္းလာတဲ့ ပတ္ဝန္းက်င္ မတူညီၾကတဲ့အေလ်ာက္ ခ်မ္းသာတဲ့မိသားစုမွာ က်န္ခဲ့တဲ့ကေလးကေတာ့ ကမာၻေက်ာ္ အႏုပညာရွင္ႀကီးျဖစ္လာခဲ့ၿပီး ေနာက္အႁမႊာေလးတစ္ေယာက္ကေတာ့ စက္ျပင္ဆရာတစ္ေယာက္သာ ျဖစ္လာခဲ့ပါတယ္။

သူတို႔အႁမႊာႏွစ္ေယာက္ အမွတ္မထင္ျပန္ဆုံတဲ့အခါ ခြဲမရေအာင္တူတဲ့ ႐ုပ္ရည္သြင္ျပင္ေၾကာင့္ ကိစၥတိုင္း အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ၾကၿပီး အခက္အခဲျဖစ္ၾကရပုံေတြကို ဂ်က္ကီခ်န္းဇာတ္ကားေတြရဲ႕ သေဘာသဘာဝအတိုင္း ဟာသေလးေႏွာၿပီး ႐ိုက္ကူးတင္ဆက္ထားတာမို႔ ရယ္ေမာရင္ခုန္ရင္း ၾကည့္ရႈရမယ့္ ဟာသ၊ အက္ရွင္ဇာတ္လမ္းေကာင္းေလး တစ္ကားပဲ ျဖစ္ပါတယ္။

(Direct Link) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *