Unbreakable (2000)

14094
Share
Copy the link

Mr.glassဆိုတဲ့လူကိုကြားဖူးကြလားဗျမကြားဖူးသေးရင်တော့2019 ဇန်နဝါရီလရဲ့ပထမအပတ်မှာရုံတင်တော့မယ့်Glassကိုသွားကြည့်ရင်အဆင်ပြေလှမှာမဟုတ်ပါဘူးMr.glassဆိုတာ Osteogenesis Imperfecta လို့ခေါ်တဲ့အရိုးကြေမွလွယ်ရောဂါဖြစ်နေတဲ့လူမမာလေးပါ

ငယ်ငယ်ထဲကဆေးရုံမှာပဲကြီးပျင်းလာတာဖြစ်ပြီးသူ့အမေ ယူယူလာပေးတဲ့ ကာတွန်းစာအုပ်တွေနဲ့သာကြီးပျင်းလာတဲ့ကလေးလေးတစ်ယောက်ပါခန္ဓာကိုယ်ကိုသိပ်မသုံးနိုင်တဲ့သူ့ရဲ့ဦးနှောက်ဟာအစွန်းတစ်ဖက်ရောက်တဲ့အထိစွမ်းဆောင်ရည်ရှိနေပါတယ်

သူအဲဦးနှောက်ကိုပြန်အသုံးချဖို့တော့ကာတွန်းစာအုပ်တွေကလွဲပြီးမရှိခဲ့ပါဘူးကလေးဘဝကလုပ်ဆောင်နိုင်စွမ်းတွေဟာအသက်ရလာတာနဲ့အတူပိုပိုပြီးတိုးလာခဲ့ပါတယ်သူ့ကိုယ်သူဘယ်သူလဲဆိုတာလည်းအရမ်းရှာချင်ခဲ့ပါတယ်

အရွယ်ရောက်လာတာနဲ့အမျှသူ့ကိုယ်သူရှာတဲ့ကိစ္စကလည်းပိုပြီးတွင်ကျယ်လာခဲ့ပါတယ်ကာတွန်းစာအုပ်တွေထဲကလိုပဲ သူ့ရဲ့အစွန်းတစ်ဖက်ကိုသူရှာခဲ့ပါတယ်…Dunnလို့ခေါ်တဲ့လူအာဂဟာ အယောက်၁၃၁ယောက်ကိုသေသွားစေတဲ့ရထားမတော်တဆမှုမှာခြစ်ရာမထင်ပဲကျန်ခဲ့ပါတယ်

အိမ်ထောင်ရေးအဆင်မပြေတဲ့ပုံမှန်အခြေခံလူတန်းစားDunnဟာအဲ့အဖြစ်အပျက်တွေဖြစ်ပြီးသိပ်မကြာခင်မှာပဲလူထူးဆန်းတစ်ယောက်နဲ့မဖြစ်မနေရင်ဆိုင်ရပါတော့တယ်အဲ့လူကတော့ Mr.glassဖြစ်ပြီးDunnရဲ့ဘဝတစ်ခုလုံးကိုပြောင်းသွားစေမယ့်comic factsတွေနဲ့သွေးအေးတဲ့လူသတ်မှုတွေကိုအရသာရှိရှိကြည့်ရမှာပဲဖြစ်ပါတယ်ဗျ

Zawgyi

Mr.glassဆိုတဲ့လူကိုၾကားဖူးၾကလားဗ်မၾကားဖူးေသးရင္ေတာ့2019 ဇန္နဝါရီလရဲ႕ပထမအပတ္မွာ႐ုံတင္ေတာ့မယ့္Glassကိုသြားၾကည့္ရင္အဆင္ေျပလွမွာမဟုတ္ပါဘူးMr.glassဆိုတာ Osteogenesis Imperfecta လို႔ေခၚတဲ့အ႐ိုးေၾကမြလြယ္ေရာဂါျဖစ္ေနတဲ့လူမမာေလးပါ

ငယ္ငယ္ထဲကေဆး႐ုံမွာပဲႀကီးပ်င္းလာတာျဖစ္ၿပီးသူ႔အေမ ယူယူလာေပးတဲ့ ကာတြန္းစာအုပ္ေတြနဲ႔သာႀကီးပ်င္းလာတဲ့ကေလးေလးတစ္ေယာက္ပါခႏၶာကိုယ္ကိုသိပ္မသုံးႏိုင္တဲ့သူ႔ရဲ႕ဦးေႏွာက္ဟာအစြန္းတစ္ဖက္ေရာက္တဲ့အထိစြမ္းေဆာင္ရည္ရွိေနပါတယ္

သူအဲဦးေႏွာက္ကိုျပန္အသုံးခ်ဖို႔ေတာ့ကာတြန္းစာအုပ္ေတြကလြဲၿပီးမရွိခဲ့ပါဘူးကေလးဘဝကလုပ္ေဆာင္ႏိုင္စြမ္းေတြဟာအသက္ရလာတာနဲ႔အတူပိုပိုၿပီးတိုးလာခဲ့ပါတယ္သူ႔ကိုယ္သူဘယ္သူလဲဆိုတာလည္းအရမ္းရွာခ်င္ခဲ့ပါတယ္

အ႐ြယ္ေရာက္လာတာနဲ႔အမွ်သူ႔ကိုယ္သူရွာတဲ့ကိစၥကလည္းပိုၿပီးတြင္က်ယ္လာခဲ့ပါတယ္ကာတြန္းစာအုပ္ေတြထဲကလိုပဲ သူ႔ရဲ႕အစြန္းတစ္ဖက္ကိုသူရွာခဲ့ပါတယ္…Dunnလို႔ေခၚတဲ့လူအာဂဟာ အေယာက္၁၃၁ေယာက္ကိုေသသြားေစတဲ့ရထားမေတာ္တဆမႈမွာျခစ္ရာမထင္ပဲက်န္ခဲ့ပါတယ္

အိမ္ေထာင္ေရးအဆင္မေျပတဲ့ပုံမွန္အေျခခံလူတန္းစားDunnဟာအဲ့အျဖစ္အပ်က္ေတြျဖစ္ၿပီးသိပ္မၾကာခင္မွာပဲလူထူးဆန္းတစ္ေယာက္နဲ႔မျဖစ္မေနရင္ဆိုင္ရပါေတာ့တယ္အဲ့လူကေတာ့ Mr.glassျဖစ္ၿပီးDunnရဲ႕ဘဝတစ္ခုလုံးကိုေျပာင္းသြားေစမယ့္comic factsေတြနဲ႔ေသြးေအးတဲ့လူသတ္မႈေတြကိုအရသာရွိရွိၾကည့္ရမွာပဲျဖစ္ပါတယ္ဗ်

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Mega) Small Size ~ Download

(Megaup.net) Large Size ~ Download

(Megaup.net) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *