Unbroken (2014)
17747Laura Hillenbrand ရဲ့ Unbroken: A World War II Story of Survival, Resilience, and Redemption စာအုပ်ကို မှီငြမ်းပြီး မင်းသမီး Angelina Jolie က ရိုက်ကူးထားတဲ့ Unbroken ရုပ်ရှင်ဇာတ်ကားဟာ ဒီနှစ် Oscars ဆုပေးပွဲမှာ nomination ၄ ခုအပါအဝင် အခြားဆုတွေ nomination တွေ တစ်သီတစ်တန်းကြီးရရှိထားပါတယ်။
ဇာတ်လမ်းကတော့ စစ်အတွင်း အမေရိကန်သုံ့ပန်းတွေထဲက သုံ့ပန်းတစ်ယောက်နဲ့ ဂျပန်စစ်ဖက်အရာရှိ တစ်ယောက်တို့ရဲ့ ယှဉ်ပြိုင်မှုတွေကို အဓိကထားပြီးရိုက်ပြထားတာပါ။
တကယ့်အဖြစ်အပျက်ဖြစ်ပြီးတော့ မင်းသား Jack O’Connell က အိုလံပစ် အပြေးချန်ပီယံဟောင်း လူးဝစ်ဇမ်ပီရီနီအဖြစ် အဓိကသရုပ်ဆောင်နေရာကနေ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။
ဒါ့အပြင် ဂျပန်စစ်ဗိုလ် Watanabe အဖြစ်သရုပ်ဆောင်တဲ့ Miyavi ကလည်း အဆိုတော်ဆိုပေမယ့် သူ့ character ကို အကောင်းဆုံးသရုပ်ဆောင်ပြသွားပါတယ်။
IMDb Rating(7.2/10) ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။စစ်ပြီးနောက် ဆက်ဖြစ်တဲ့အကြောင်းအရာတွေကိုတော့ slideshow နဲ့ဆက်ပြပါတယ်။
Louie က အိမ်ထောင်ကျပြီး သားသမီး နှစ်ယောက်ရပါတယ်။ Phil လည်း အသက်ရှင်လွတ်မြောက်ခဲ့ပြီး သူ့ချစ်သူနဲ့လက်ထပ်ပါတယ်။ Mutsuhiro “Bird” Watanabe က ထိပ်တန်းဂျပန်စစ်ရာဇဝတ်ကောင် ၄၀ စာရင်းမှာပါပေမယ့် ထွက်ပြေးပုန်းရှောင်နေခဲ့လို့ ဥပေဒေရှေ့မှာ တရားမျှတမှုနဲ့ ရင်မဆိုင်ခဲ့ရပါဘူး။
Louie ဟာ သူ့ကို ဖမ်းဆီးနှိပ်စက်ခဲ့တဲ့သူတွေကို ခွင့်လွှတ်ပေးခဲ့ပြီး အများစုနဲ့တွေ့ဆုံခဲ့ပါတယ်။ Watanabe ကတော့ Louie ကို အတွေ့မခံခဲ့ပါဘူး။ ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ဂျပန်နိုင်ငံ နာဂါနို မှာ ကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ မီးရှုးတိုင်ကို သယ်ဆောင်ပေးခဲ့ပါတယ်။
သူ့ပြေးခဲ့တဲ့နေရာက အရင်က သူနေခဲ့ရတဲ့ စစ်သုံ့ပန်းစခန်းတွေထဲက တစ်ခုရဲ့ အနီးမှာရှိပါတယ်။ အပိတ် title မှာတော့ Louis Zamperini ဟာ အသက် ၉၇ နှစ် ဇူလိုင်လ ၂ ရက် ၂၀၁၄ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်ဆိုတာကို ပြသသွားပါတယ်။
ဒီဇာတ်ကားကိုကြည့်ပြီးတဲ့အခါမှာတော့ ဘယ်သူမှချိုးဖျက်လို့မရတဲ့ ခိုင်မာတဲ့ယုံကြည်ချက်တွေအကြောင်းကို အတွေးနယ်ချဲ့နေမိပါတော့တယ်။
Zawgyi
Laura Hillenbrand ရဲ႕ Unbroken: A World War II Story of Survival, Resilience, and Redemption စာအုပ္ကို မွီျငမ္းၿပီး မင္းသမီး Angelina Jolie က ႐ိုက္ကူးထားတဲ့ Unbroken ႐ုပ္ရွင္ဇာတ္ကားဟာ ဒီႏွစ္ Oscars ဆုေပးပြဲမွာ nomination ၄ ခုအပါအဝင္ အျခားဆုေတြ nomination ေတြ တစ္သီတစ္တန္းႀကီးရရွိထားပါတယ္။
ဇာတ္လမ္းကေတာ့ စစ္အတြင္း အေမရိကန္သုံ႔ပန္းေတြထဲက သုံ႔ပန္းတစ္ေယာက္နဲ႔ ဂ်ပန္စစ္ဖက္အရာရွိ တစ္ေယာက္တို႔ရဲ႕ ယွဥ္ၿပိဳင္မႈေတြကို အဓိကထားၿပီး႐ိုက္ျပထားတာပါ။
တကယ့္အျဖစ္အပ်က္ျဖစ္ၿပီးေတာ့ မင္းသား Jack O’Connell က အိုလံပစ္ အေျပးခ်န္ပီယံေဟာင္း လူးဝစ္ဇမ္ပီရီနီအျဖစ္ အဓိကသ႐ုပ္ေဆာင္ေနရာကေန အေကာင္းဆုံး သ႐ုပ္ေဆာင္ထားပါတယ္။
ဒါ့အျပင္ ဂ်ပန္စစ္ဗိုလ္ Watanabe အျဖစ္သ႐ုပ္ေဆာင္တဲ့ Miyavi ကလည္း အဆိုေတာ္ဆိုေပမယ့္ သူ႔ character ကို အေကာင္းဆုံးသ႐ုပ္ေဆာင္ျပသြားပါတယ္။
IMDb Rating(7.2/10) ထိရရွိထားတဲ့ ဇာတ္ကားေကာင္းတစ္ကားပါ။စစ္ၿပီးေနာက္ ဆက္ျဖစ္တဲ့အေၾကာင္းအရာေတြကိုေတာ့ slideshow နဲ႔ဆက္ျပပါတယ္။
Louie က အိမ္ေထာင္က်ၿပီး သားသမီး ႏွစ္ေယာက္ရပါတယ္။ Phil လည္း အသက္ရွင္လြတ္ေျမာက္ခဲ့ၿပီး သူ႔ခ်စ္သူနဲ႔လက္ထပ္ပါတယ္။ Mutsuhiro “Bird” Watanabe က ထိပ္တန္းဂ်ပန္စစ္ရာဇဝတ္ေကာင္ ၄၀ စာရင္းမွာပါေပမယ့္ ထြက္ေျပးပုန္းေရွာင္ေနခဲ့လို႔ ဥေပေဒေရွ႕မွာ တရားမွ်တမႈနဲ႔ ရင္မဆိုင္ခဲ့ရပါဘူး။
Louie ဟာ သူ႔ကို ဖမ္းဆီးႏွိပ္စက္ခဲ့တဲ့သူေတြကို ခြင့္လႊတ္ေပးခဲ့ၿပီး အမ်ားစုနဲ႔ေတြ႕ဆုံခဲ့ပါတယ္။ Watanabe ကေတာ့ Louie ကို အေတြ႕မခံခဲ့ပါဘူး။ ၁၉၉၈ ခုႏွစ္ ဇန္နဝါရီလ ဂ်ပန္ႏိုင္ငံ နာဂါႏို မွာ က်င္းပတဲ့ ေဆာင္းရာသီ အိုလံပစ္ၿပိဳင္ပြဲမွာ မီးရႈးတိုင္ကို သယ္ေဆာင္ေပးခဲ့ပါတယ္။
သူ႔ေျပးခဲ့တဲ့ေနရာက အရင္က သူေနခဲ့ရတဲ့ စစ္သုံ႔ပန္းစခန္းေတြထဲက တစ္ခုရဲ႕ အနီးမွာရွိပါတယ္။ အပိတ္ title မွာေတာ့ Louis Zamperini ဟာ အသက္ ၉၇ ႏွစ္ ဇူလိုင္လ ၂ ရက္ ၂၀၁၄ ခုႏွစ္မွာ ကြယ္လြန္ခဲ့တယ္ဆိုတာကို ျပသသြားပါတယ္။
ဒီဇာတ္ကားကိုၾကည့္ၿပီးတဲ့အခါမွာေတာ့ ဘယ္သူမွခ်ိဳးဖ်က္လို႔မရတဲ့ ခိုင္မာတဲ့ယုံၾကည္ခ်က္ေတြအေၾကာင္းကို အေတြးနယ္ခ်ဲ႕ေနမိပါေတာ့တယ္။


(Megaup.net) Large Size ~ Download
(Users Drive) Large Size ~ Download
(Yoteshin) Large Size ~ Download