Valerian and the City of a Thousand Planets (2017)

12934
Share
Copy the link

ဒီကာတွန်းဇာတ်လမ်းတွဲက အရမ်းလူကြိုက်များပြီး စာအုပ်ပေါင်း ၁၀သိန်းကျော်အထိ ထုတ်ဝေဖြန့်ချီပြီး ဘာသာစကားပေါင်း ၁၂မျိုးနဲ့ ဘာသာပြန်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

ဒါရိုက်တာကိုယ်တိုင် သိပ်ကြိုက်ခဲ့တဲ့ အာကာသဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာကြောင့် အာကာသယာဉ်တွေ အာကာသခစန်းတွေ ဆန်းပြားတဲ့လက်နက်တွေ ထူးဆန်းတဲ့ဂြိုဟ်သားတွေ ဆန်းပြားတဲ့သတ္တဝါမျိုးစုံတွေ စတာကို သူ့စိတ်ကြိုက် အထူးပုံဖော်ထားလို့ ဘတ်ဂျက်က US 209 million အထိ အသုံးပြုခဲ့ပါတယ်။

ဒါကြောင့် ဘတ်ဂျက်အမြင့်ဆုံး အသုံးပြုထားတဲ့ဇာတ်ကားပါ။

အဓိကဇာတ်ဆောင် အာကာသစစ်တပ်ရဲ့ ဗိုလ်မှူး ဗဲလ်လာရီယမ် အဖြစ် Amazing spider man-2 မင်းသား Dane DeHaan နဲ့ တပ်ကြပ်ရင်းလော်ရင်းအဖြစ် Suside squid မင်းသမီးလေး Cara Delevingne ပါဝင်ထားပြီး တခြားနာမည်ကျော်တွေဖြစ်တဲ့ Clive Owen, Rihanna တို့ပါဝင်သလို နှုတ်ခမ်းနီမလေးတွေအသည်းစွဲ ကိုးရီးယားအဆိုတော်- Exo Kris Wu လည်းပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၇၅ ခုနှစ်မှာ အမေရိကန်က အာကာသစခန်းငယ်တစ်ခု ဆောက်လုပ်ခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့ နည်းပညာဗဟုသုတတွေ မျှဝေပူးပေါင်းကြဖို့ပါ။၂၀၂၀ မှာ တရုတ်နိုင်ငံကလည်း ဒီအာကာသစခန်းကိုလာရောက်ပူးပေါင်းပါတယ် ။

ဒီလိုနဲ့ နှစ်တွေကြာလာတော့ တခြားနိုင်ငံအများအပြားလည်း တဖြည်းဖြည်း ပူးပေါင်းလာကြသလို စကြာဝဠာထဲမှာရှိတဲ့ တစ်ခြားဂြိုဟ်တွေကလည်း လာရောက်ပူးပေါင်းလာကြပါတယ်။ဒီလိုနဲ့ အာကာသစခန်းက အချင်းတဖြည်းဖြည်း ကြီးမားလာပြီး ကမ္ဘာ့ဆွဲအားနဲ့ နီးလာတာကြောင့် ကမ္ဘာအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပါတော့တယ်။

ဒါကြောင့် ဗဟိုကောင်စီက ဒီအာကာသစခန်းကို ကမ္ဘာ့ဆွဲအားနဲ့ဝေးရာကို တွန်းပို့လိုက်ပို့ဆုံးဖြတ်လိုက်ပါတယ်။

ဒီ အဲလ်ဖာ အာကာသစခန်းငယ်ကတော့ စကြာဝဠာစီးကြောင်းထဲမှာ စီးမျောနေရင်းနဲပဲ တခြားဂြိုဟ်တွေ မျိုးစိတ်တွေနဲ့ ပူးပေါင်းပြီး အားလုံးစည်းစည်းလုံးလုံးနဲ့ နည်းပညာတွေ ဗဟုသုတတွေ မျှဝေရင်းနဲ့ နှစ်ပေါင်းများစွာအကြာမှာတော့ ဂြိုဟ်ပေါင်းများစွာတို့ရဲ့ မြို့တော်ကြီးဖြစ်လာပါတော့တယ်။

အေးဂျင့် ဗဲလ်လာရီယမ် နဲ့ အေးဂျင့်လော်ရင်းတို့ကတော့ အင်ထရူဒါးလို့ခေါ်တဲ့ ယာဉ်ပျံကြီးပေါ်မှာ အတူတွဲတာဝန်ထမ်းဆောင်နေကြတဲ့ တွဲဖက်တွေပါ။ …အေးဂျင့် ဗဲလ်လာရီယမ်နဲ့ အေးဂျင့်လော်ရင်းတို့ အတူလက်တွဲရင်း ဘာတွေကို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ ဆက်လက်ရှုစားလိုက်ပါ။

Zawgyi

ဒီကာတြန္းဇာတ္လမ္းတြဲက အရမ္းလူႀကိဳက္မ်ားၿပီး စာအုပ္ေပါင္း ၁၀သိန္းေက်ာ္အထိ ထုတ္ေဝျဖန႔္ခ်ီၿပီး ဘာသာစကားေပါင္း ၁၂မ်ိဳးနဲ႔ ဘာသာျပန္ထုတ္ေဝခဲ့တာျဖစ္ပါတယ္။

ဒါ႐ိုက္တာကိုယ္တိုင္ သိပ္ႀကိဳက္ခဲ့တဲ့ အာကာသဇာတ္လမ္းကို ပုံေဖာ္႐ိုက္ကူးထားတာေၾကာင့္ အာကာသယာဥ္ေတြ အာကာသခစန္းေတြ ဆန္းျပားတဲ့လက္နက္ေတြ ထူးဆန္းတဲ့ၿဂိဳဟ္သားေတြ ဆန္းျပားတဲ့သတၱဝါမ်ိဳးစုံေတြ စတာကို သူ႔စိတ္ႀကိဳက္ အထူးပုံေဖာ္ထားလို႔ ဘတ္ဂ်က္က US 209 million အထိ အသုံးျပဳခဲ့ပါတယ္။

ဒါေၾကာင့္ ဘတ္ဂ်က္အျမင့္ဆုံး အသုံးျပဳထားတဲ့ဇာတ္ကားပါ။

အဓိကဇာတ္ေဆာင္ အာကာသစစ္တပ္ရဲ႕ ဗိုလ္မႉး ဗဲလ္လာရီယမ္ အျဖစ္ Amazing spider man-2 မင္းသား Dane DeHaan နဲ႔ တပ္ၾကပ္ရင္းေလာ္ရင္းအျဖစ္ Suside squid မင္းသမီးေလး Cara Delevingne ပါဝင္ထားၿပီး တျခားနာမည္ေက်ာ္ေတြျဖစ္တဲ့ Clive Owen, Rihanna တို႔ပါဝင္သလို ႏႈတ္ခမ္းနီမေလးေတြအသည္းစြဲ ကိုးရီးယားအဆိုေတာ္- Exo Kris Wu လည္းပါဝင္ထားပါတယ္။

ဇာတ္လမ္းအက်ဥ္းေလးကေတာ့ ၁၉၇၅ ခုႏွစ္မွာ အေမရိကန္က အာကာသစခန္းငယ္တစ္ခု ေဆာက္လုပ္ခဲ့ပါတယ္။ရည္႐ြယ္ခ်က္ကေတာ့ နည္းပညာဗဟုသုတေတြ မွ်ေဝပူးေပါင္းၾကဖို႔ပါ။၂၀၂၀ မွာ တ႐ုတ္ႏိုင္ငံကလည္း ဒီအာကာသစခန္းကိုလာေရာက္ပူးေပါင္းပါတယ္ ။

ဒီလိုနဲ႔ ႏွစ္ေတြၾကာလာေတာ့ တျခားႏိုင္ငံအမ်ားအျပားလည္း တျဖည္းျဖည္း ပူးေပါင္းလာၾကသလို စၾကာဝဠာထဲမွာရွိတဲ့ တစ္ျခားၿဂိဳဟ္ေတြကလည္း လာေရာက္ပူးေပါင္းလာၾကပါတယ္။ဒီလိုနဲ႔ အာကာသစခန္းက အခ်င္းတျဖည္းျဖည္း ႀကီးမားလာၿပီး ကမာၻ႔ဆြဲအားနဲ႔ နီးလာတာေၾကာင့္ ကမာၻအတြက္ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္လာပါေတာ့တယ္။

ဒါေၾကာင့္ ဗဟိုေကာင္စီက ဒီအာကာသစခန္းကို ကမာၻ႔ဆြဲအားနဲ႔ေဝးရာကို တြန္းပို႔လိုက္ပို႔ဆုံးျဖတ္လိုက္ပါတယ္။

ဒီ အဲလ္ဖာ အာကာသစခန္းငယ္ကေတာ့ စၾကာဝဠာစီးေၾကာင္းထဲမွာ စီးေမ်ာေနရင္းနဲပဲ တျခားၿဂိဳဟ္ေတြ မ်ိဳးစိတ္ေတြနဲ႔ ပူးေပါင္းၿပီး အားလုံးစည္းစည္းလုံးလုံးနဲ႔ နည္းပညာေတြ ဗဟုသုတေတြ မွ်ေဝရင္းနဲ႔ ႏွစ္ေပါင္းမ်ားစြာအၾကာမွာေတာ့ ၿဂိဳဟ္ေပါင္းမ်ားစြာတို႔ရဲ႕ ၿမိဳ႕ေတာ္ႀကီးျဖစ္လာပါေတာ့တယ္။

ေအးဂ်င့္ ဗဲလ္လာရီယမ္ နဲ႔ ေအးဂ်င့္ေလာ္ရင္းတို႔ကေတာ့ အင္ထ႐ူဒါးလို႔ေခၚတဲ့ ယာဥ္ပ်ံႀကီးေပၚမွာ အတူတြဲတာဝန္ထမ္းေဆာင္ေနၾကတဲ့ တြဲဖက္ေတြပါ။ …ေအးဂ်င့္ ဗဲလ္လာရီယမ္နဲ႔ ေအးဂ်င့္ေလာ္ရင္းတို႔ အတူလက္တြဲရင္း ဘာေတြကို ရင္ဆိုင္ေျဖရွင္းရမလဲဆိုတာ ဆက္လက္ရႈစားလိုက္ပါ။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

disk.yandex.com (Disk Yandex) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *