Valkyrie (2008)

18640
Share
Copy the link

ဒုတိယကမ္ဘာစစ်အခြေခံ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက် 2008 ခုနှစ်ထဲ ထွက်ခဲ့တဲ့ Valkyrie ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ်
Valkyrie ဆိုတဲ့အဓိပ္ပာယ်က နော်ဝေ ဒဏ္ဍာရီထဲက စစ်ပွဲထဲမှာ ဘယ်သူသေမယ် ဘယ်သူရှင်မယ်ဆိုတာကို ဆုံးဖြတ်ပေးတဲ့ နတ်သမီးတစ်ပါးရဲ့နာမည်ဖြစ်ပါတယ် ..

ဒီဇာတ်လမ်းထဲမှာတော့ Valkyrie ဆိုတာ ဟစ်တလာက သူ့အစိုးရကိုအရေးပေါ်ကာကွယ်ဖို့ ဘာလင်မြို့ပေါ်မှာ ဖွဲ့စည်းထားတဲ့ အရေးပေါ်အရံစစ်တပ်ပဲဖြစ်ပါတယ် …ဒီစစ်တပ် လုပ်တဲ့ စစ်ဆင်ရေးကို Valkyrie စစ်ဆင်ရေးလို့ခေါ်ပါတယ် …

ဟစ်တလာအစိုးရအဖွဲ့ထဲက ခေါင်းဆောင်တွေကို ဝေဖန်လို့ ရှေ့တန်းအပို့ခံရတဲ့ တပ်ရင်းမှူး စတက်ဖန်ဘာ့ (တွမ်ခရုစ်) ဟာ ဒဏ်ရာတွေရပြီးဘာလင်ကိုပြန်ရောက်လာပါတယ်…

မကြာခင် ဥရောပမဟာမိတ်တွေက ဘာလင်ကိုချီတက် သိမ်းပိုက်တော့မယ့်အခြေအနေမှာ ဘာလင်ပြည်သူတွေရဲ့ဘေးကိုတွေးမိတဲ့ စတက်ဖန်ဘာ့ ဟာဘယ်သူသေသေ ငတေမာရင်ပြီးရောလုပ်နေတဲ့ ဟစ်တလာကိုလုပ်ကြံဖို့ ကြိုးစားပုံကို သည်းထိတ်ရင်ဖိုဖြစ်အောင် ရိုက်ကူးထားတဲ့အတွက် ရင်တမမ နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်….

IMDb – 701/10 ရရှိထားပြီးတော့ Box office မှာ အမေရိကန်ဒေါ်လာ 201 သန်းခွဲရရှိထားတဲ့ ဇာတ်ကားပါ….

Zawgyi






megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *