Vivarium (2020)

17270
Share
Copy the link

Sci-fi / Thriller ကားကောင်းကြိုက်သူများအတွက် Now you see me တို့ Zombie Land တို့ထဲကမင်းသား Jesse Eisenberg ပါဝင်ထားတဲ့ကားလေး။လူငယ်စုံတွဲ တတွဲက အတူနေဖို့အိမ်လေး တအိမ်ကိုလိုက်ရှာနေခဲ့တယ်။အိမ်ရာစျေးနှုန်းတွေကလည်း သိတဲ့အတိုင်း တဖြည်းဖြည်းမြင့်တက်လာနေတယ်။

အသိတယောက်ကလည်း အိမ်ရာကောင်းကောင်းတွေ့ရင်လက်မနှေးဖို့ ရတုန်းယူထားဖို့အကြံပေးသွားသေးတယ်။အဲနေ့ညနေမှာပဲ သူတို့စုံတွဲက အိမ်ရာတွေရောင်းတဲ့နေရာမှာအိမ်ခြံမြေအကျိုးဆောင်နဲ့ သွားတွေ့ ခဲ့ကြတယ်။

အကျိုးဆောင်ပုံစံကတော့ တမျိုးကြီးပဲ။ထောင့်မကျိုးတာလည်း မဟုတ် ရိုင်းစိုင်းတာလည်းမဟုတ်တမျိုးကြီးဖြစ်နေပေမယ့် အပြောကောင်းတော့သူတို့အိမ်ရာကို ပုံထဲတင်မဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကျ လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

အကျိုးဆောင်အပြောအရ နေရာကလည်းအဆင်ပြေမယ့်ဆင်ခြေဖုံးနေရာအိမ်ရာတွေကိုလည်း လူတွေကဝယ်ပြီး နေရာရွှေ့လာကြတော့မှာ။အိမ်ရှာနေတာလည်း ကြာနေပြီမလား။အဆင်ပြေရင်တော့ ဝယ်လိုက်ကြမယ်စိတ်ကူးနဲ့ပေါ့။

အဲလိုနဲ့ သူတို့အိမ်ရာတွေဆီသွားခဲ့ကြတယ်။အိမ်တွေကတော့ ပုံစံတူတွေပဲ။အဲလိုနဲ့ သူတို့ကြည့်ရမယ့် အိမ် အမှတ်ကိုးကိုရောက်လာကြတယ်။အိမ်အကြောင်းကို ရှင်းပြနေရင်း သူတို့နောက်ဘက်ကိုသွားလိုက်ချိန်မှာပဲအကျိုးဆောင်က ထွက်ခွာသွားတော့တယ်။

အဲဒါနဲ့ သူတို့လည်း အဲအိမ်ရာဝင်းထဲကနေ ပြန်ထွက်ဖို့ လုပ်တဲ့အခါမှာတော့ဝင်္ကပါလိုဖြစ်ပြီး အိမ်အမှတ်ကိုး ကိုပဲ ပြန်ရောက်လာလာနေတယ်။သူတို့ ဘယ်လိုပဲ ထွက်ဖို့ ကြိုးစား ကြိုးစား ထွက်မရခဲ့တဲ့အပြင်သူတို့ဆီကို မမျှော်လင့်တဲ့ အရာတခုပါ ရောက်လာတဲ့ အခါမှာတော့သူတို့ ဘယ်လိုဆက်ဖြစ်ကြမှာလဲ

ထွက်နိုင်သွားမှာလားဆိုတာတွေကိုစိတ်ပါဝင်စားစွာ ကြည့်ရမယ့် ကားလေးဖြစ်ပါတယ်။ကဲ Stay Home ကာလမှာ အိမ်ထဲကနေထွက်ဖို့ကြိုးစားတဲ့ကားလေးကို ကြည့်လိုက်ကြပါအုံး။နောက်ပြီး အပြင်ကပြန်ရောက်တိုင်း လက်ဆေးဖို့မမေ့ကြပါနဲ့။လက်ဆေးတိုင်းလည်း စက္ကန့် ၂၀ကြာအောင် ဆေးကြပါစို့။

Zawgyi

Sci-fi / Thriller ကားေကာင္းႀကိဳက္သူမ်ားအတြက္ Now you see me တို႔ Zombie Land တို႔ထဲကမင္းသား Jesse Eisenberg ပါဝင္ထားတဲ့ကားေလး။လူငယ္စုံတြဲ တတြဲက အတူေနဖို႔အိမ္ေလး တအိမ္ကိုလိုက္ရွာေနခဲ့တယ္။အိမ္ရာေစ်းႏႈန္းေတြကလည္း သိတဲ့အတိုင္း တျဖည္းျဖည္းျမင့္တက္လာေနတယ္။

အသိတေယာက္ကလည္း အိမ္ရာေကာင္းေကာင္းေတြ႕ရင္လက္မေႏွးဖို႔ ရတုန္းယူထားဖို႔အႀကံေပးသြားေသးတယ္။အဲေန႔ညေနမွာပဲ သူတို႔စုံတြဲက အိမ္ရာေတြေရာင္းတဲ့ေနရာမွာအိမ္ၿခံေျမအက်ိဳးေဆာင္နဲ႔ သြားေတြ႕ ခဲ့ၾကတယ္။

အက်ိဳးေဆာင္ပုံစံကေတာ့ တမ်ိဳးႀကီးပဲ။ေထာင့္မက်ိဳးတာလည္း မဟုတ္ ႐ိုင္းစိုင္းတာလည္းမဟုတ္တမ်ိဳးႀကီးျဖစ္ေနေပမယ့္ အေျပာေကာင္းေတာ့သူတို႔အိမ္ရာကို ပုံထဲတင္မဟုတ္ပဲ ကိုယ္တိုင္ကိုယ္က် လိုက္ၾကည့္ဖို႔ ဆုံးျဖတ္လိုက္ၾကတယ္။

အက်ိဳးေဆာင္အေျပာအရ ေနရာကလည္းအဆင္ေျပမယ့္ဆင္ေျခဖုံးေနရာအိမ္ရာေတြကိုလည္း လူေတြကဝယ္ၿပီး ေနရာေ႐ႊ႕လာၾကေတာ့မွာ။အိမ္ရွာေနတာလည္း ၾကာေနၿပီမလား။အဆင္ေျပရင္ေတာ့ ဝယ္လိုက္ၾကမယ္စိတ္ကူးနဲ႔ေပါ့။

အဲလိုနဲ႔ သူတို႔အိမ္ရာေတြဆီသြားခဲ့ၾကတယ္။အိမ္ေတြကေတာ့ ပုံစံတူေတြပဲ။အဲလိုနဲ႔ သူတို႔ၾကည့္ရမယ့္ အိမ္ အမွတ္ကိုးကိုေရာက္လာၾကတယ္။အိမ္အေၾကာင္းကို ရွင္းျပေနရင္း သူတို႔ေနာက္ဘက္ကိုသြားလိုက္ခ်ိန္မွာပဲအက်ိဳးေဆာင္က ထြက္ခြာသြားေတာ့တယ္။

အဲဒါနဲ႔ သူတို႔လည္း အဲအိမ္ရာဝင္းထဲကေန ျပန္ထြက္ဖို႔ လုပ္တဲ့အခါမွာေတာ့ဝကၤပါလိုျဖစ္ၿပီး အိမ္အမွတ္ကိုး ကိုပဲ ျပန္ေရာက္လာလာေနတယ္။သူတို႔ ဘယ္လိုပဲ ထြက္ဖို႔ ႀကိဳးစား ႀကိဳးစား ထြက္မရခဲ့တဲ့အျပင္သူတို႔ဆီကို မေမွ်ာ္လင့္တဲ့ အရာတခုပါ ေရာက္လာတဲ့ အခါမွာေတာ့သူတို႔ ဘယ္လိုဆက္ျဖစ္ၾကမွာလဲ

ထြက္ႏိုင္သြားမွာလားဆိုတာေတြကိုစိတ္ပါဝင္စားစြာ ၾကည့္ရမယ့္ ကားေလးျဖစ္ပါတယ္။ကဲ Stay Home ကာလမွာ အိမ္ထဲကေနထြက္ဖို႔ႀကိဳးစားတဲ့ကားေလးကို ၾကည့္လိုက္ၾကပါအုံး။ေနာက္ၿပီး အျပင္ကျပန္ေရာက္တိုင္း လက္ေဆးဖို႔မေမ့ၾကပါနဲ႔။လက္ေဆးတိုင္းလည္း စကၠန႔္ ၂၀ၾကာေအာင္ ေဆးၾကပါစို႔။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *