Voices in the Wind (2020)

18038
Share
Copy the link

ဇာတ်လမ်းလေးကတော့ ၂၀၁၁ခုနှစ် ဂျပန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြီးဆုံး ပင်လယ်ရေအောက်ငလျင်နဲ့ ဆူနာမီမုန်တိုင်းကို အခြေတည်ရိုက်ကူးထားတာပါဒီဆူနာမီမုန်တိုင်းကြောင့် လူပေါင်းသောင်းချီ အသက်ဆုံးရှုံးခဲ့ရပြီး အချိန်တစ်ခုထိ စားဝတ်နေရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသဖြင့် အများကြီးဒုက္ခရောက် အခက်အခဲဖြစ်ခဲ့ရတာ အားလုံးအသိပါ

ဆယ်စုနှစ်တစ်စုခန့်အကြာမှာ ပျက်စီးသွားခဲ့တဲ့ အိမ်တွေ၊ တိုက်တွေ၊ လမ်းတံတားတွေ၊ မြို့တွေကို ပြန်လည်ပြုပြင်တည်ထောင်နိုင်ခဲ့ပေမယ့် ငလျင်ဒဏ်ကို ကိုယ်တွေ့ခံစားခဲ့ရသူတွေရဲ့ မှတ်ဉာဏ်တွေ၊ ပူဆွေးသောကတွေကိုတော့ ကုစားဖို့ရာခက်ခဲလှပါတယ်

ဒီဇာတ်လမ်းထဲက ဟာရူလေးဟာလည်း ၉နှစ်သမီးအရွယ်မှာ ဆူနာမီကြောင့် မိသားစုဝင်တွေဖြစ်တဲ့ အဖေ၊ အမေနဲ့ မောင်လေး သုံးယောက်လုံးကိုဆုံးရှုံးလိုက်ရပြီး တစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့တာပါ

“သွားလေသူထက် ကျန်ရစ်သူက ပိုနာကျင်ရတယ်” ဆိုတဲ့အတိုင်း မိသားစုအားလုံးကိုဆုံးရှုံးလိုက်တဲ့ ဟာရူအဖို့ ၉နှစ်ကြာသည့်တိုင် စိတ်ဒဏ်ရာတွေကိုဖြေဖျောက်ဖို့ရာ မတတ်နိုင်ခဲ့ပါဘူး

ဒီလိုနဲ့၉နှစ်ကြာပြီးတစ်နေ့ ဟာရူတစ်ယောက် မိသားစုဝင်တွေနဲ့တူတူနေထိုင်ခဲ့တဲ့ အိုဆူချီမြို့က အိမ်လေးဆီ တစ်ယောက်တည်းခရီးနှင်လာတဲ့အခါ လမ်းမှာ လူအမျိုးမျိုးနဲ့ဆုံပြီး သူတို့ရဲ့ဘဝဇာတ်လမ်းအဖုံဖုံကို ကြားခဲ့ရပါတော့တယ်

အရွယ်နဲ့မမျှအောင် နာကျင်မှုတွေမျိုသိပ်ထားရတဲ့အတွက် စကားနည်းပြီး အနေအေးလွန်းတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးရဲ့ ရင်ဖွင့်သံတွေဟာ တကယ်ကိုထိခိုက်ဆို့နင့်ဖွယ်ကောင်းလှပါတယ်

ဇာတ်လမ်းအသွားက တော်တော်လေးအေးပြီး ဒိုင်ယာလော့တွေလည်းသိပ်မပါပေမယ့် ဟာရူလေးကနေတစ်ဆင့် ငလျင်ဒဏ်သင့်မိသားစုတွေရဲ့ဘဝကို စာနာနိုင်ပြီး လူတိုင်းရဲ့ဘဝဟာလည်း စင်းလုံးချောနေတယ်ဆိုတာမရှိဘဲ အခက်အခဲတွေ တစ်မျိုးမဟုတ်တစ်မျိုး ရှိနေကြတယ်ဆိုတာသိနိုင်ပြီး ဘဝအတွက် ခွန်အားတွေရရှိနိုင်ကြမယ်လို့ ထင်ပါတယ်

လေလှိုင်းထဲကစကားသံလေးတွေကို ကြည့်ရှုခံစားလိုက်ကြပါဦး

Zawgyi

ဇာတ္လမ္းေလးကေတာ့ ၂၀၁၁ခုႏွစ္ ဂ်ပန္ႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့ အႀကီးဆုံး ပင္လယ္ေရေအာက္ငလ်င္နဲ႔ ဆူနာမီမုန္တိုင္းကို အေျခတည္႐ိုက္ကူးထားတာပါဒီဆူနာမီမုန္တိုင္းေၾကာင့္ လူေပါင္းေသာင္းခ်ီ အသက္ဆုံးရႈံးခဲ့ရၿပီး အခ်ိန္တစ္ခုထိ စားဝတ္ေနေရး၊ စီးပြားေရး၊ လမ္းပန္းဆက္သြယ္ေရး အစရွိသျဖင့္ အမ်ားႀကီးဒုကၡေရာက္ အခက္အခဲျဖစ္ခဲ့ရတာ အားလုံးအသိပါ

ဆယ္စုႏွစ္တစ္စုခန္႔အၾကာမွာ ပ်က္စီးသြားခဲ့တဲ့ အိမ္ေတြ၊ တိုက္ေတြ၊ လမ္းတံတားေတြ၊ ၿမိဳ႕ေတြကို ျပန္လည္ျပဳျပင္တည္ေထာင္ႏိုင္ခဲ့ေပမယ့္ ငလ်င္ဒဏ္ကို ကိုယ္ေတြ႕ခံစားခဲ့ရသူေတြရဲ႕ မွတ္ဉာဏ္ေတြ၊ ပူေဆြးေသာကေတြကိုေတာ့ ကုစားဖို႔ရာခက္ခဲလွပါတယ္

ဒီဇာတ္လမ္းထဲက ဟာ႐ူေလးဟာလည္း ၉ႏွစ္သမီးအ႐ြယ္မွာ ဆူနာမီေၾကာင့္ မိသားစုဝင္ေတြျဖစ္တဲ့ အေဖ၊ အေမနဲ႔ ေမာင္ေလး သုံးေယာက္လုံးကိုဆုံးရႈံးလိုက္ရၿပီး တစ္ေယာက္တည္းအသက္ရွင္က်န္ရစ္ခဲ့တာပါ

“သြားေလသူထက္ က်န္ရစ္သူက ပိုနာက်င္ရတယ္” ဆိုတဲ့အတိုင္း မိသားစုအားလုံးကိုဆုံးရႈံးလိုက္တဲ့ ဟာ႐ူအဖို႔ ၉ႏွစ္ၾကာသည့္တိုင္ စိတ္ဒဏ္ရာေတြကိုေျဖေဖ်ာက္ဖို႔ရာ မတတ္ႏိုင္ခဲ့ပါဘူး

ဒီလိုနဲ႔၉ႏွစ္ၾကာၿပီးတစ္ေန႔ ဟာ႐ူတစ္ေယာက္ မိသားစုဝင္ေတြနဲ႔တူတူေနထိုင္ခဲ့တဲ့ အိုဆူခ်ီၿမိဳ႕က အိမ္ေလးဆီ တစ္ေယာက္တည္းခရီးႏွင္လာတဲ့အခါ လမ္းမွာ လူအမ်ိဳးမ်ိဳးနဲ႔ဆုံၿပီး သူတို႔ရဲ႕ဘဝဇာတ္လမ္းအဖုံဖုံကို ၾကားခဲ့ရပါေတာ့တယ္

အ႐ြယ္နဲ႔မမွ်ေအာင္ နာက်င္မႈေတြမ်ိဳသိပ္ထားရတဲ့အတြက္ စကားနည္းၿပီး အေနေအးလြန္းတဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ေကာင္မေလးရဲ႕ ရင္ဖြင့္သံေတြဟာ တကယ္ကိုထိခိုက္ဆို႔နင့္ဖြယ္ေကာင္းလွပါတယ္

ဇာတ္လမ္းအသြားက ေတာ္ေတာ္ေလးေအးၿပီး ဒိုင္ယာေလာ့ေတြလည္းသိပ္မပါေပမယ့္ ဟာ႐ူေလးကေနတစ္ဆင့္ ငလ်င္ဒဏ္သင့္မိသားစုေတြရဲ႕ဘဝကို စာနာႏိုင္ၿပီး လူတိုင္းရဲ႕ဘဝဟာလည္း စင္းလုံးေခ်ာေနတယ္ဆိုတာမရွိဘဲ အခက္အခဲေတြ တစ္မ်ိဳးမဟုတ္တစ္မ်ိဳး ရွိေနၾကတယ္ဆိုတာသိႏိုင္ၿပီး ဘဝအတြက္ ခြန္အားေတြရရွိႏိုင္ၾကမယ္လို႔ ထင္ပါတယ္

ေလလႈိင္းထဲကစကားသံေလးေတြကို ၾကည့္ရႈခံစားလိုက္ၾကပါဦး

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

One thought on “Voices in the Wind (2020)

  1. Pingback: test – VU
Comments

Your email address will not be published. Required fields are marked *