Warrior (2011)

18255
Share
Copy the link

အရက်စွဲရာက ပြန်လည်နာလန်ထနိုင်ဖို့ ကြိုးစားနေတဲ့ Paddy Conlon (Nick Nolte) ဆီကို နှစ်ပေါင်းများစွာက ခွဲခွာသွားပြီး သူ့ကို စိတ်နာနေခဲ့တဲ့ မရိန်းတပ်သားဟောင်းဖြစ်တဲ့ Tommy Riordan(Tom Hardy) ရောက်လာပြီးကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ သမိုင်းမှာ ဆုကြေး အမြင့်ဆုံး ဖြစ်တဲ့ “စပါတာ”ဆိုတဲ့ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးဖို့တောင်းဆိုလာပါတယ်။

Paddy တစ်ယောက် သားဖြစ်သူကို ပြိုင်ပွဲဝင်ဖို့လေ့ကျင့်ပေးရင်း နွေးထွေးတဲ့ဆက်ဆံရေး ပြန်ရဖို့ကြိုးစားပါတော့တယ်။Paddy မှာ Tommy လိုပဲ သူ့ကို အသိအမှတ်မပြုပဲ စိတ်နာနေတဲ့ Brendan Conlon (Joel Edgerton) ဆိုတဲ့ MMA ကစားသမား ဘဝကနေ အနားယူပြီး ကျောင်းဆရာလုပ်နေတဲ့ အိမ်ထောင်သည်သားတစ်ယောက်ရှိပါတယ်။

Brendan ရဲ့ သမီးငယ်လေးအတွက် နှလုံးရောဂါကုသစရိတ်ကြောင့် သူတို့မိသားစုရဲ့ အိမ်ကို ဘဏ်ကသိမ်းဖို့ အခြေအနေတစ်ခုကြုံနေရပြီး အဲဒီပြသနာကို ဖြေရှင်းဖို့ Brendan ကလည်း “စပါတာ”ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပါတော့တယ်။

ဒီလိုအဖုအထစ်တွေရှိတဲ့ သူတို့သားအဖ သုံးယောက် “စပါတာ(MMA)” ပြိုင်ပွဲမှာ ဘယ်လိုတွေဆက်ပြီး ဖြစ်ပျက်ကြမလဲ ပြိုင်ပွဲမှာ ဘယ်သူက ဘယ်လိုအနိုင်ရသွားမလဲဆိုတာကတော့………Mixed Martial Art(MMA) ဇာတ်ကားတစ်ကား ဖြစ်တဲ့ Warrior ဇာတ်ကားမှာ အမိုက်စား တိုက်ခိုက်ထိုးသတ်မှုတွေကို အားပါးတရ ကြည့်ကြရမှာပါ။

ဒါပေမယ့် ဒီဇာတ်ကား ရဲ့ Themes က အဲဒီထက်ပိုပါတယ်။မိသားစု တစ်ခုကို ပြိုကွဲပျက်စီးသွားစေနိုင်တဲ့ အရက်စွဲမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ မေ့ပျောက်ဖို့ ခဲယင်းတဲ့ ကလေးဘဝရဲ့ စိတ်ဒဏ်ရာ၊ ခွင့်လွှတ်အနစ်နာခံမှု၊ ညီအကိုချင်း မေတ္တာ၊ သားသမီးအပေါ်ထားရှိတဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာ တရား၊

မိသားစုအတွက် ဘာမဆို ရင်ဆိုင်တိုက်ခိုက်မယ် ဆိုတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ အားမာန် စသဖြင့် … စသဖြင့် ဖော်ညွှန်းထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ကြည့်လို့တန်တဲ့ ဇာတ်ကားကောင်း တစ်ကားမို့ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။

Zawgyi

အရက္စြဲရာက ျပန္လည္နာလန္ထႏိုင္ဖို႔ ႀကိဳးစားေနတဲ့ Paddy Conlon (Nick Nolte) ဆီကို ႏွစ္ေပါင္းမ်ားစြာက ခြဲခြာသြားၿပီး သူ႔ကို စိတ္နာေနခဲ့တဲ့ မရိန္းတပ္သားေဟာင္းျဖစ္တဲ့ Tommy Riordan(Tom Hardy) ေရာက္လာၿပီးကိုယ္ခံပညာေပါင္းစုံၿပိဳင္ပြဲ သမိုင္းမွာ ဆုေၾကး အျမင့္ဆုံး ျဖစ္တဲ့ “စပါတာ”ဆိုတဲ့ၿပိဳင္ပြဲကို ဝင္ၿပိဳင္ဖို႔အတြက္ ေလ့က်င့္ေပးဖို႔ေတာင္းဆိုလာပါတယ္။

Paddy တစ္ေယာက္ သားျဖစ္သူကို ၿပိဳင္ပြဲဝင္ဖို႔ေလ့က်င့္ေပးရင္း ေႏြးေထြးတဲ့ဆက္ဆံေရး ျပန္ရဖို႔ႀကိဳးစားပါေတာ့တယ္။Paddy မွာ Tommy လိုပဲ သူ႔ကို အသိအမွတ္မျပဳပဲ စိတ္နာေနတဲ့ Brendan Conlon (Joel Edgerton) ဆိုတဲ့ MMA ကစားသမား ဘဝကေန အနားယူၿပီး ေက်ာင္းဆရာလုပ္ေနတဲ့ အိမ္ေထာင္သည္သားတစ္ေယာက္ရွိပါတယ္။

Brendan ရဲ႕ သမီးငယ္ေလးအတြက္ ႏွလုံးေရာဂါကုသစရိတ္ေၾကာင့္ သူတို႔မိသားစုရဲ႕ အိမ္ကို ဘဏ္ကသိမ္းဖို႔ အေျခအေနတစ္ခုႀကဳံေနရၿပီး အဲဒီျပသနာကို ေျဖရွင္းဖို႔ Brendan ကလည္း “စပါတာ”ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ပါေတာ့တယ္။

ဒီလိုအဖုအထစ္ေတြရွိတဲ့ သူတို႔သားအဖ သုံးေယာက္ “စပါတာ(MMA)” ၿပိဳင္ပြဲမွာ ဘယ္လိုေတြဆက္ၿပီး ျဖစ္ပ်က္ၾကမလဲ ၿပိဳင္ပြဲမွာ ဘယ္သူက ဘယ္လိုအႏိုင္ရသြားမလဲဆိုတာကေတာ့………Mixed Martial Art(MMA) ဇာတ္ကားတစ္ကား ျဖစ္တဲ့ Warrior ဇာတ္ကားမွာ အမိုက္စား တိုက္ခိုက္ထိုးသတ္မႈေတြကို အားပါးတရ ၾကည့္ၾကရမွာပါ။

ဒါေပမယ့္ ဒီဇာတ္ကား ရဲ႕ Themes က အဲဒီထက္ပိုပါတယ္။မိသားစု တစ္ခုကို ၿပိဳကြဲပ်က္စီးသြားေစႏိုင္တဲ့ အရက္စြဲမႈ၊ အိမ္တြင္းအၾကမ္းဖက္မႈ၊ ေမ့ေပ်ာက္ဖို႔ ခဲယင္းတဲ့ ကေလးဘဝရဲ႕ စိတ္ဒဏ္ရာ၊ ခြင့္လႊတ္အနစ္နာခံမႈ၊ ညီအကိုခ်င္း ေမတၱာ၊ သားသမီးအေပၚထားရွိတဲ့ အေဖတစ္ေယာက္ရဲ႕ ေမတၱာ တရား၊

မိသားစုအတြက္ ဘာမဆို ရင္ဆိုင္တိုက္ခိုက္မယ္ ဆိုတဲ့ အိမ္ေထာင္ဦးစီးတစ္ေယာက္ရဲ႕ အားမာန္ စသျဖင့္ … စသျဖင့္ ေဖာ္ၫႊန္းထားတဲ့ဇာတ္ကားတစ္ကားပဲျဖစ္ပါတယ္။ၾကည့္လို႔တန္တဲ့ ဇာတ္ကားေကာင္း တစ္ကားမို႔ ပရိသတ္ႀကီးအတြက္တင္ဆက္ေပးလိုက္ရပါတယ္ဗ်ာ။

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Up Stream) Large Size ~ Download

(Megaup.net) Large Size ~ Download

(Yuu Drive) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *