What Happened to Mr Cha?(2021)
15929K dramaဖန်တွေအတွက် mydrama listမှာလဲ popularityဖြေနပြီး 2021ဇန်နဝါရီလမှာထွက်ခဲ့တဲ့ အသစ်စက်စက်Comedyကားလေးကို တင်ဆက်ပေးလိုက်ပါတယ်….ရုပ်ရှင်လောကတို့ အနုပညာတို့လောကတို့မှာစန်းဆိုတဲ့ အသုံးအနှုန်းက လူသုံးများတော့ ရင်းနှီးပြီးသားဖြစ်မှာပါ….
တချို့သရုပ်ဆောင်တွေ ရုပ်လဲသိပ်မချော သရုပ်ဆောင်ပိုင်းလဲမကောင်းပဲ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ စန်းနဲ့ပေါက်သွားကြတာလဲ ကြားဖူးကြမှာပေါ့။။။
ဒီဇာတ်လမ်းကလဲ အဲ့စန်းပေါ်ပဲ ဟာသဆန်ဆန်အခြေခံရိုက်ကူးထားပြီး Fluဇာတ်ကားထဲမှာ ပါ၀င်သရုပ်ဆောင်ထားတဲ့မင်းသား Cha-In Pyoရဲ့သဘာ၀ကျကျ သရုပ်ဆောင်ဟန်ပန်တွေနဲ့ ဇာတ်လမ်းကိုအကောင်းဆုံးပုံဖော်ထားပါတယ်.
ဇာတ်လမ်းအကျဉ်းကတော့အောင်မြင်တဲ့အခါတုန်းကတော့ဂုဏ်ပုဒ်တွေအများကြီးနဲ့ကျော်ကြားနေခဲ့ပြီးစန်းကျသွားတဲ့အခါ ကိုယ့်ထက်အောင်မြင်တဲ့သူတွေနဲ့အမှီလိုက်ဖို့ကြိုးစားနေရတဲ့မင်းသားကြီးတစ်ယောက်ရဲ့ဇာတ်လမ်းလေးပါ
ပြန်လည်အောင်မြင်ဖို့မျှော်လင့်ချက်လေးနဲ့ပျော်ရွှင်နေတဲ့အချိန်မှာ မထင်မှတ်တဲ့ မတော်တဆမှုကြောင့် ရေချိုးနေတုန်း အ၀တ်ဗလာနဲ့ အဆောက်အအုံပြိုကျတဲ့ထဲပါသွားပြီး ဘယ်လိုတွေ လွဲချော်ကုန်တယ်ဆိုတာ ဟာသဆန်ဆန် ခွီရအောင် ရိုက်ကူးပြသထားတဲ့အပြင်
ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ရဲ့ တကယ်လက်တွေ့ ဘ၀ပုံစံကိုပါဖော်ပြထားတာကြောင့် အချိန်ကုန်ရကျိုးနပ်စေမယ့် ရုပ်ရှင်ကားတကားမလို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းပါရစေ
Zawgyi
(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download
(Yoteshin) Large Size ~ Download
(Yoteshin) Small Size ~ Download