Whiplash (2014)

18871
Share
Copy the link

ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့….အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ…ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..

တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့..ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့..

တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်….

ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား

တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်..ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..

ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့…ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….

ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင် Miles Teller ကတော့ ကိုယ်တိုင်ပဲတီးတာ…သူဟာ ၁၅နှစ်သားအရွယ်ထဲက ဒရမ်တီးတယ်ဆိုပဲ…ပြီးတော့ ဒီကားအတွက်ကြိုတင်ပြင်ဆင်မှုအဖြစ် တစ်နေ့ကို ၄နာရီလေ့ကျင့်ပါသတဲ့…..Rating တွေမြင့်တာကလည်း ဒါ့ကြောင့်နေမယ်….ကျန်တာကတော့ spoiler ဖြစ်သွားမှာစိုးလို့မပြောတော့ပါဘူး…..

Zawgyi

ၾကားဖူးတာေလးတစ္ခုရွိတယ္…တ႐ုပ္ႀကီးတစ္ေယာက္နဲ႔ျမန္မာအမ်ိဳးသမီးတစ္ေယာက္နဲ႔အိမ္ေထာင္က်သတဲ့….အိမ္ေထာင္ေရးကအဆင္ေျပတယ္ဆိုေပမယ့္ တ႐ုတ္ႀကီးက သူ႔မိန္းမကိုမေက်နပ္တဲ့အခ်ိန္ရွိတယ္….အဲ့ဒါက ဂရိတ္ဦးဖိုးစိန္ေၾကာင့္ပဲ…ဦးဖိုးစိန္ႀကီးလာကတဲ့အခ်ိန္ဆို သူ႔မိန္းမက ဘာအလုပ္ပဲရွိရွိ ဖ်က္ၿပီး သြားၾကည့္တာကိုး..

တ႐ုပ္ႀကီးက တစ္ခါလည္းမဟုတ္ ႏွစ္ခါလည္းမဟုတ္ဆိုေတာ့ အေတာ္တင္းသတဲ့…တစ္ေန႔ေတာ့ သူ႔မိန္းမ ဘာလို႔အဲ့ေလာက္ၾကည့္ခ်င္ရတာလဲဆိုတာသိခ်င္တာနဲ႔ ဦးဖိုးစိန္ကျပတဲ့ပြဲကိုလိုက္ၾကည့္သတဲ့..ဦးဖိုးစိန္ႀကီးက မင္းသမီးေတြနဲ႔ကတာကိုး….ဆိုင္းဝိုင္းကလည္းၿမိဳင္ဆိုင္…ဦးဖိုးစိန္ႀကီးကလည္း မင္းသမီးေတြၾကားမွာ လွပစြာကေနသတဲ့..

တ႐ုတ္ႀကီးအေနနဲ႔ျမန္မာ့ဆိုင္းဝိုင္းရယ္ မင္းသားမင္းသမီးအကရယ္ကိုသိပ္နားမလည္ဘူး…ဒါေပမယ့္ ၾကည့္ေနရင္း လူကျမဴးလာေတာ့ မေနႏိုင္မထိုင္ႏိုင္ထေျပာသတဲ့…အမေလး ဦးဖိုးစိန္ႀကီးနဲ႔ကတဲ့မင္းသမီးသာျဖစ္လိုက္ခ်င္သတဲ့…အႏုပညာဆိုတာဒါပဲေနမယ္….

ကြၽန္ေတာ္ဘာလို႔ဒါေတြေျပာေနလဲဆိုေတာ့ jazz drummer ေကာင္ေလးတစ္ေယာက္ကို႐ိုက္ျပထားလို႔ပါ..ခင္ဗ်ားတို႔ေတာ့မသိဘူး..ကြၽန္ေတာ္က jazz အမ်ိဳးအစားနဲ႔စိမ္းလြန္းလွတယ္…ဒါေပမယ့္ဒီကားထဲမွာေတာ့ Miles Teller ရဲ႕ အမူအရာေတြ ဒရမ္တီးတဲ့ပုံေတြေၾကာင့္ရယ္လား J.K. Simmons ရဲ႕အားပါျပင္းထန္လြန္းတဲ့ ဟန္ပန္ေတြေၾကာင့္လား

တီးဝိုင္းတစ္ခုလုံးရဲ႕အသံေတြေၾကာင့္လားမသိ jazz ဂီတအမ်ိဳးအစားထဲကိုစီးေမ်ာသြားတယ္..ဒီကားက ေက်ာ္ၾကားတဲ့ drummer သမားျဖစ္ေအာင္ႀကိဳးစားေနတဲ့ေကာင္ေလးတစ္ေယာက္အေၾကာင္းကို႐ိုက္ျပထားတာပါ ..

ၾကားဖူးသေလာက္ တူရိယာေတြတီးခတ္တဲ့သူေတြကို ႐ုပ္ရွင္႐ိုက္တဲ့ေနရာမွာ piano သမား ဂစ္တာသမားေတြကျပသနာသိပ္မရွိဘူးတဲ့…ဘာလို႔ဆိုတီးကြက္ေတြျပတဲ့ေနရာမွာ view ကိုအစားထိုးဖို႔လြယ္ကူပါသတဲ့….ဒရမ္သမားၾကေတာ့အဲ့ဒီလို view ျပဖို႔မလြယ္ကူပါသတဲ့….

ဒီဇာတ္ကားရဲ႕အဓိကသ႐ုပ္ေဆာင္ Miles Teller ကေတာ့ ကိုယ္တိုင္ပဲတီးတာ…သူဟာ ၁၅ႏွစ္သားအ႐ြယ္ထဲက ဒရမ္တီးတယ္ဆိုပဲ…ၿပီးေတာ့ ဒီကားအတြက္ႀကိဳတင္ျပင္ဆင္မႈအျဖစ္ တစ္ေန႔ကို ၄နာရီေလ့က်င့္ပါသတဲ့…..Rating ေတြျမင့္တာကလည္း ဒါ့ေၾကာင့္ေနမယ္….က်န္တာကေတာ့ spoiler ျဖစ္သြားမွာစိုးလို႔မေျပာေတာ့ပါဘူး…..

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Up Stream) Large Size ~ Download

(Megaup.net) Large Size ~ Download

(Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *