White Boy Rick (2018)

15993
Share
Copy the link

White Boy ဆိုတဲ့အသံကြားလိုက်တာနဲ့ အမေရိကရဲ့လူဖြူလူမည်းပရိပက္ခတွေကို အနည်းငယ်တီးမိခေါက်မိရှိတဲ့သူတွေက ဇာတ်လိုက်ဖြစ်သူ Rick ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်အခြေအနေကိုခန့်မှန်းမိကြမှာပါ။Rick ဆိုတာက Richard Wershe Jr. လို့ခေါ်တဲ့ ၁၄ နှစ်သားကောင်လေးတစ်ယောက်။

မိဘဖြစ်သူတွေက တရားဝင်ကွာရှင်းထားပြီးသားဖြစ်တဲ့အတွက် အဖေ့စောင့်ရှောက်မှုအောက်မှာ အစ်မဖြစ်သူနဲ့အတူနေထိုင်တယ်။သူတို့နေထိုင်တဲ့နေရာက Detroit လို့ခေါ်တဲ့ နယ်စပ်မြို့၊ လူမည်းအများစုနေထိုင်ပြီး ဒုစရိုက်မှုတွေမှိုလိုပေါတဲ့မြို့တစ်မြို့ပေါ့ဗျာ။

Rick Jr. ရဲ့အဖေဖြစ်သူက လိုင်စင်ရသေနတ်ရောင်းဝယ်ရေးသမားဖြစ်တာနဲ့အညီ ဂိုဏ်းစတားတွေ၊ဒုစရိုက်သမားတွေနဲ့ အမြဲမပြတ်ဆက်ဆံနေရတဲ့သူပေမယ့် ဗီဒီယိုစတိုးလေးဖွင့်ပြီး မိသားစုနဲ့အတူအေးအေးဆေးဆေးဘဝကိုဖြတ်သန်းချင်တဲ့သူ။

တစ်ရက်မှာ Rick Jr. တစ်ယောက် သူ့အဖေသေနတ်ပြပွဲကနေ အောက်ကြေးနှိုက်လာတဲ့ AK47 နှစ်လက်ကို Johnny လို့ခေါ်တဲ့ လူမည်းတစ်ယောက်ဆီသွားရောင်းရာကနေ သူတို့အဖွဲ့နဲ့ဓာတ်ကျပြီး ဘော်ဒါတွေဖြစ်သွားကြတယ်။

Johnny တို့အဖွဲ့က အားလုံးလူမည်းတွေချည်းဖြစ်တဲ့အတွက် သူတစ်ဦးတည်းသာလူဖြူဖြစ်နေတဲ့ Rick Jr. တစ်ယောက် White Boy Rick ဆိုတဲ့ နာမည်ပြောင်ရပြီး အဖွဲ့ဝင်တစ်ယောက်လိုဖြစ်လာတယ်။

အဲဒီလိုရက်သတ္တပတ်တွေဖြတ်သန်းပြီးတဲ့အခါမှာတော့ Rick Jr. ရဲ့အဖေ လိုင်စင်မရှိပဲ Silencer ( သေနတ်နဲ့တွဲသုံးတဲ့ အသံတိတ်ပြောင်း ) ထုတ်လုပ်ရောင်းချပါတယ်ဆိုပြီး ပြဿနာတက်တယ်။ဒါတင်မကသေးဘူး ပစ်ခတ်မှုတစ်ခုမှာသုံးတဲ့သေနတ်က သူသေနတ်အရောင်းပြပွဲတုန်းက ဝယ်သွားတဲ့သေနတ်ဖြစ်နေတယ်ဆိုတဲ့ ပြဿနာပါထက်တက်ရော။

ဒါပေမယ့် မူးယစ်ဆေးဝါးဖြန့်ချိမှုကြီးတွေကိုသာ နှိမ်နှင်းချင်တာကြောင့် သူတို့အတွက် Informant ( သတင်းပေး ) လုပ်ပေးမယ်ဆိုရင် အဖေဖြစ်သူရဲ့အမှုတွေကိုလျှော်ပေးမယ်ဆိုပြီး FBI အေးဂျင့်တွေက Rick Jr. ကိုညှိတယ်ပေါ့ဗျာ။

အဲဒီမှာပဲ ၁၄နှစ်သား Rick Jr. တစ်ယောက် ဒုစရိုက်ဂိုဏ်းဝင်အဖြစ်ကနေ ရဲဘက်သတင်းပေးဘဝကိုရောက်သွားပြီး အဖေဖြစ်သူကိုကယ်တင်ဖို့ကြိုးစားရတော့တယ်။

ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင် Rick Wershe Jr. အဖြစ် တက်သစ်စမင်းသား Richie Merritt အဖြစ်သရုပ်ဆောင်ထားပြီး အဖေဖြစ်သူရဲ့နေရာမှာ မင်းသားကြီး Matthew McConaughey ကပါဝင်သရုပ်ဆောင်ထားပါတယ်။

Sony ကဖြန့်ချိပြီး ဒါရိုက်တာ Yann Demange ရိုက်ကူးတဲ့ ဒီရုပ်ရှင်ဟာ 1980 ခုနှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့တကယ့်အဖြစ်အပျက်ကို ပြန်လည်ရိုက်ကူးထားတဲ့ Biological, Crime, Drama အမျိုးအစား ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်တာကြောင့် Crime Drama ရုပ်ရှင်တွေကိုကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့တော့ ကြည့်ရှုသင့်တဲ့ရုပ်ရှင်တစ်ကားလို့ ညွှန်းဆိုချင်ပါတယ်။

Zawgyi

White Boy ဆိုတဲ့အသံၾကားလိုက္တာနဲ႔ အေမရိကရဲ႕လူျဖဴလူမည္းပရိပကၡေတြကို အနည္းငယ္တီးမိေခါက္မိရွိတဲ့သူေတြက ဇာတ္လိုက္ျဖစ္သူ Rick ေရာက္ရွိေနတဲ့ ပတ္ဝန္းက်င္အေျခအေနကိုခန႔္မွန္းမိၾကမွာပါ။Rick ဆိုတာက Richard Wershe Jr. လို႔ေခၚတဲ့ ၁၄ ႏွစ္သားေကာင္ေလးတစ္ေယာက္။

မိဘျဖစ္သူေတြက တရားဝင္ကြာရွင္းထားၿပီးသားျဖစ္တဲ့အတြက္ အေဖ့ေစာင့္ေရွာက္မႈေအာက္မွာ အစ္မျဖစ္သူနဲ႔အတူေနထိုင္တယ္။သူတို႔ေနထိုင္တဲ့ေနရာက Detroit လို႔ေခၚတဲ့ နယ္စပ္ၿမိဳ႕၊ လူမည္းအမ်ားစုေနထိုင္ၿပီး ဒုစ႐ိုက္မႈေတြမႈိလိုေပါတဲ့ၿမိဳ႕တစ္ၿမိဳ႕ေပါ့ဗ်ာ။

Rick Jr. ရဲ႕အေဖျဖစ္သူက လိုင္စင္ရေသနတ္ေရာင္းဝယ္ေရးသမားျဖစ္တာနဲ႔အညီ ဂိုဏ္းစတားေတြ၊ဒုစ႐ိုက္သမားေတြနဲ႔ အၿမဲမျပတ္ဆက္ဆံေနရတဲ့သူေပမယ့္ ဗီဒီယိုစတိုးေလးဖြင့္ၿပီး မိသားစုနဲ႔အတူေအးေအးေဆးေဆးဘဝကိုျဖတ္သန္းခ်င္တဲ့သူ။

တစ္ရက္မွာ Rick Jr. တစ္ေယာက္ သူ႔အေဖေသနတ္ျပပြဲကေန ေအာက္ေၾကးႏႈိက္လာတဲ့ AK47 ႏွစ္လက္ကို Johnny လို႔ေခၚတဲ့ လူမည္းတစ္ေယာက္ဆီသြားေရာင္းရာကေန သူတို႔အဖြဲ႕နဲ႔ဓာတ္က်ၿပီး ေဘာ္ဒါေတြျဖစ္သြားၾကတယ္။

Johnny တို႔အဖြဲ႕က အားလုံးလူမည္းေတြခ်ည္းျဖစ္တဲ့အတြက္ သူတစ္ဦးတည္းသာလူျဖဴျဖစ္ေနတဲ့ Rick Jr. တစ္ေယာက္ White Boy Rick ဆိုတဲ့ နာမည္ေျပာင္ရၿပီး အဖြဲ႕ဝင္တစ္ေယာက္လိုျဖစ္လာတယ္။

အဲဒီလိုရက္သတၱပတ္ေတြျဖတ္သန္းၿပီးတဲ့အခါမွာေတာ့ Rick Jr. ရဲ႕အေဖ လိုင္စင္မရွိပဲ Silencer ( ေသနတ္နဲ႔တြဲသုံးတဲ့ အသံတိတ္ေျပာင္း ) ထုတ္လုပ္ေရာင္းခ်ပါတယ္ဆိုၿပီး ျပႆနာတက္တယ္။ဒါတင္မကေသးဘူး ပစ္ခတ္မႈတစ္ခုမွာသုံးတဲ့ေသနတ္က သူေသနတ္အေရာင္းျပပြဲတုန္းက ဝယ္သြားတဲ့ေသနတ္ျဖစ္ေနတယ္ဆိုတဲ့ ျပႆနာပါထက္တက္ေရာ။

ဒါေပမယ့္ မူးယစ္ေဆးဝါးျဖန႔္ခ်ိမႈႀကီးေတြကိုသာ ႏွိမ္ႏွင္းခ်င္တာေၾကာင့္ သူတို႔အတြက္ Informant ( သတင္းေပး ) လုပ္ေပးမယ္ဆိုရင္ အေဖျဖစ္သူရဲ႕အမႈေတြကိုေလွ်ာ္ေပးမယ္ဆိုၿပီး FBI ေအးဂ်င့္ေတြက Rick Jr. ကိုညႇိတယ္ေပါ့ဗ်ာ။

အဲဒီမွာပဲ ၁၄ႏွစ္သား Rick Jr. တစ္ေယာက္ ဒုစ႐ိုက္ဂိုဏ္းဝင္အျဖစ္ကေန ရဲဘက္သတင္းေပးဘဝကိုေရာက္သြားၿပီး အေဖျဖစ္သူကိုကယ္တင္ဖို႔ႀကိဳးစားရေတာ့တယ္။

ဒီဇာတ္လမ္းရဲ႕ဇာတ္ေဆာင္ Rick Wershe Jr. အျဖစ္ တက္သစ္စမင္းသား Richie Merritt အျဖစ္သ႐ုပ္ေဆာင္ထားၿပီး အေဖျဖစ္သူရဲ႕ေနရာမွာ မင္းသားႀကီး Matthew McConaughey ကပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

Sony ကျဖန႔္ခ်ိၿပီး ဒါ႐ိုက္တာ Yann Demange ႐ိုက္ကူးတဲ့ ဒီ႐ုပ္ရွင္ဟာ 1980 ခုႏွစ္တုန္းက ျဖစ္ပ်က္ခဲ့တဲ့တကယ့္အျဖစ္အပ်က္ကို ျပန္လည္႐ိုက္ကူးထားတဲ့ Biological, Crime, Drama အမ်ိဳးအစား ႐ုပ္ရွင္ကားေကာင္းတစ္ကားပဲျဖစ္တာေၾကာင့္ Crime Drama ႐ုပ္ရွင္ေတြကိုႀကိဳက္ႏွစ္သက္တဲ့သူေတြအေနနဲ႔ေတာ့ ၾကည့္ရႈသင့္တဲ့႐ုပ္ရွင္တစ္ကားလို႔ ၫႊန္းဆိုခ်င္ပါတယ္။

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *