White Lily – Link 3

11
Share
Copy the link

ဂျပန် ၁၈+ Drama ကားလေးတစ်ကားဖြစ်ပြီး ဇာတ်အိမ်ဖွဲ့ထားတာလေးကလည်း မဆိုးလှတာမို့တင်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ အိုးပြုလုပ်ခြင်းအနုပညာမှာနာမည်ကြီးတဲ့ Tokiko ဟာသူ့ရဲ့သင်တန်းသူလေးဖြစ်သူ Haruka နဲ့အတူနေထိုင်ကြတာပါ။ သူတို့နှစ်ယောက်တည်းအတူနေကြတာဖြစ်ပြီး ဆက်ဆံရေးကလည်း ဆရာမ-ကျောင်းသူလည်းဖြစ် ချစ်သူလည်းဖြစ်ဆိုသလို ဟိုဟာဘာညာတွေပါပဲ။

Haruka ဟာဆရာမဖြစ်သူပြောတာမျှအားလုံး လုပ်သမျှအားလုံးကို ကျေကျေနပ်နပ်ခံယူလုပ်ကိုင်ပေးလေ့ရှိပြီး အရာအားလုံးဟာ Satoru ဆိုတဲ့လူငယ်တစ်ယောက်ရောက်လာတဲ့အခါမှာတော့ သူတို့သုံးယောက်ကြားမှာ လွန်ဆွဲတင်းမာမှုတွေဖြစ်လာတော့တာပါပဲ။ဒီနေရာမှာ Tokiko နဲ့ Haruka တို့ရဲ့ဆက်ဆံရေးဟာ တကယ်ကိုလေးနက်ပါတယ်။မိဘအိမ်နဲ့ကျောင်းကနှင်ထုတ်ခံခဲ့ရပြီး အိုးအတတ်ပညာရှင် Tokikoနဲ့ ဆရာမဖြစ်သူရဲ့စေ့စပ်ထားသူတို့အိမ်ကို မထင်မှတ်ဘဲရောက်ရှိလာရာက Haruka ရဲ့ဘဝကယ်တင်ရှင်အားကိုးရာဟာ Tokiko ပဲရှိပါတော့တယ်။သူ့ဆီမှာပဲ အိုးပြုလုပ်တဲ့အတတ်ကိုသင်ယူရင်း အိမ်သားတစ်ယောက်လိုဖြစ်လာကာ နှစ်ဦးသားသံယောဇဉ်တွေတိုးလာကြတာပါ။

တစ်နေ့ ဆရာမ Tokiko နဲ့စေ့စပ်ထားသူ ရုတ်တရတ်ကွယ်လွန်သွားချိန်မှာတော့ Tokiko နဲ့ Haruka တို့ကြားကဆက်ဆံရေးဟာ ယခင်ဆရာတပည့်အချစ်ထက်ပိုလာပြီး တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးဟာပိုမိုနက်ရှိုင်းလာပါတော့တယ်။ဇာတ်လမ်းလေးဟာ လူသားတွေကြားက ရှုပ်ထွေးတဲ့သံယောဇဉ်ကြိုးတွေကို ချပြသွားတာဖြစ်ပြီး ၁၈+အခန်းတွေလည်းတော်တော်လေးပါတဲ့အတွက် မိသားစုနဲ့တော့မကြည့်သင့်ပါဘူး။ဒါရိုက်တာ Hideo Nakata ဟာလည်း Roman Porn ဇာတ်လမ်းတွဲအနုအယွများစွာကို Assistant Director အနေနဲ့ရိုက်ကူးလာခဲ့တာဖြစ်ပြီး ဒီကားလေးဟာ သူ့ရဲ့ပထမဆုံး ဒါရိုက်တာအဖြစ်တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီ ဇာတ်လမ်းကိုပုံစံတစ်မျိုးနဲ့ချည်းကပ် ချပြထားတာဖြစ်ပါတယ်။

megaup.net Megaup Link ~ Download

uptobox.com Uptobox Link ~ Download

Comments

Your email address will not be published. Required fields are marked *