Winter’s Bone (2010)

13551
Share
Copy the link

(အော်စကာ ၄ဆု ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု ၆၃ဆုတောင်ဆွတ်ခူးရရှိခဲ့တယ်…)အကိုကြီး အဖရာ အမကြီး အမိရာဆိုသလို မိသားစု တစ်စုမှာ အကြီးဆုံးဖြစ်ရတာ မလွယ်လှပါဘူး။

အမေကလည်း ကျန်းမာရေးမကောင်း ၊ မူလတန်းကျောင်းနေအရွယ် မောင်လေးနဲ့ ညီမလေး ၊အဖေဖြစ်သူကလည်း မူးယစ်ဆေးရောင်းဝယ်မှု့နဲ့ တရားရင်ဆိုင်နေရတာကြောင့် တစ်အိမ်လုံးရဲ့စားဝတ်နေရေးကရီခ်ဒီုလီဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပုခုံးပေါ်ကိုကျရောက်လာခဲ့ပါတယ်။

ကလေးတွေရဲ့ ကျောင်းစရိတ် ၊ အမေဖြစ်သူရဲ့ဆေးဖိုးတွေနဲ့ ကျပ်တည်းနေတုန်းမှာပဲကံဆီုးခြင်းမုန်တိုင်းတွေဟာ ပိုမိုပြင်းထန်လာခဲ့သလိုတစ်ပူပေါ်တစ်ပူဆင့်လို့ ဆိုရမှာပါပဲ။ ဖခင်ဖြစ်သူ ရုံးချိန်းအမှီပြန်ပေါ်မလာခဲ့ရင် လုပ်ထုံးလုပ်နည်းအရရိခ်တို့ရဲ့ နေအိမ်ကို သိမ်းယူမယ်ဆိုတဲ့ ရဲမှူးကြီးရဲ့ စကားသံက သူမရဲ့ခေါင်းပေါ်ကို သံရည်ပူတွေ လောင်းချလိုက်သလိုပါပဲ။

ဒီမိသားစုလေး မကွဲပြားဖို့ဆိုရင်ရိခ်တစ်ယောက် အဖေဖြစ်သူ မဖြစ်မနေရှာဖွေရတော့မှာပါ။ သို့ပေမယ့် အဖေဖြစ်သူရဲ့ပျောက်ဆုံးမှု့က ထင်သလောက် မရိုးရှင်းမှန်း ရိခ်တစ်ယောက် သိလာတဲ့အခါမှာတော့…….။
ဒီကားလေးကို (၃)(၄) ခါလောက်ပြန်ကြည့်မိပါတယ်။ ထပ်ခါထပ်ခါ ကြည့်လေလေရိခ်အဖြစ်သရုပ်ဆောင်တဲ့ Jennifer Lawrence ကိုပိုပြီးသဘောကျလေလေပါပဲ။

ဒီကားထဲမှာ မျက်နှာချိုသလောက် ကောက်ကျစ်တက်တဲ့သူတွေ ၊ အပြောအဆိုကြမ်းပေမယ့်စိတ်နှလုံးသားလှတဲ့လူတွေ စတဲ့လူတွေရဲ့သဘောသဘာဝကို ပြည့်စုံအောင်ချပြသွားနိုင်ခဲ့ပါတယ်။ Jennifer Lawrence သရုပ်ဆောင်ချက်တွေကလည်းအော်စကာတန်းဝင်ခဲ့ပါတယ်။

Jennifer Lawrence ရုပ်ရှင်ကားတွေထဲက အကောင်းဆုံးတစ်ကားလို့မှတ်ချက်ပေးခံခဲ့ရတဲ့ ရုပ်ရှင်ကားကောင်းတစ်ပုဒ်ပါပဲ။

Zawgyi

(ေအာ္စကာ ၄ဆု ဆန္ကာတင္စာရင္းဝင္ခဲ့သလို အျခားဆု ၆၃ဆုေတာင္ဆြတ္ခူးရရွိခဲ့တယ္…)အကိုႀကီး အဖရာ အမႀကီး အမိရာဆိုသလို မိသားစု တစ္စုမွာ အႀကီးဆုံးျဖစ္ရတာ မလြယ္လွပါဘူး။

အေမကလည္း က်န္းမာေရးမေကာင္း ၊ မူလတန္းေက်ာင္းေနအ႐ြယ္ ေမာင္ေလးနဲ႔ ညီမေလး ၊အေဖျဖစ္သူကလည္း မူးယစ္ေဆးေရာင္းဝယ္မႈ႕နဲ႔ တရားရင္ဆိုင္ေနရတာေၾကာင့္ တစ္အိမ္လုံးရဲ႕စားဝတ္ေနေရးကရီခ္ဒီုလီဆိုတဲ့ ေကာင္မေလးတစ္ေယာက္ရဲ႕ ပုခုံးေပၚကိုက်ေရာက္လာခဲ့ပါတယ္။

ကေလးေတြရဲ႕ ေက်ာင္းစရိတ္ ၊ အေမျဖစ္သူရဲ႕ေဆးဖိုးေတြနဲ႔ က်ပ္တည္းေနတုန္းမွာပဲကံဆီုးျခင္းမုန္တိုင္းေတြဟာ ပိုမိုျပင္းထန္လာခဲ့သလိုတစ္ပူေပၚတစ္ပူဆင့္လို႔ ဆိုရမွာပါပဲ။ ဖခင္ျဖစ္သူ ႐ုံးခ်ိန္းအမွီျပန္ေပၚမလာခဲ့ရင္ လုပ္ထုံးလုပ္နည္းအရရိခ္တို႔ရဲ႕ ေနအိမ္ကို သိမ္းယူမယ္ဆိုတဲ့ ရဲမႉးႀကီးရဲ႕ စကားသံက သူမရဲ႕ေခါင္းေပၚကို သံရည္ပူေတြ ေလာင္းခ်လိုက္သလိုပါပဲ။

ဒီမိသားစုေလး မကြဲျပားဖို႔ဆိုရင္ရိခ္တစ္ေယာက္ အေဖျဖစ္သူ မျဖစ္မေနရွာေဖြရေတာ့မွာပါ။ သို႔ေပမယ့္ အေဖျဖစ္သူရဲ႕ေပ်ာက္ဆုံးမႈ႕က ထင္သေလာက္ မ႐ိုးရွင္းမွန္း ရိခ္တစ္ေယာက္ သိလာတဲ့အခါမွာေတာ့…….။
ဒီကားေလးကို (၃)(၄) ခါေလာက္ျပန္ၾကည့္မိပါတယ္။ ထပ္ခါထပ္ခါ ၾကည့္ေလေလရိခ္အျဖစ္သ႐ုပ္ေဆာင္တဲ့ Jennifer Lawrence ကိုပိုၿပီးသေဘာက်ေလေလပါပဲ။

ဒီကားထဲမွာ မ်က္ႏွာခ်ိဳသေလာက္ ေကာက္က်စ္တက္တဲ့သူေတြ ၊ အေျပာအဆိုၾကမ္းေပမယ့္စိတ္ႏွလုံးသားလွတဲ့လူေတြ စတဲ့လူေတြရဲ႕သေဘာသဘာဝကို ျပည့္စုံေအာင္ခ်ျပသြားႏိုင္ခဲ့ပါတယ္။ Jennifer Lawrence သ႐ုပ္ေဆာင္ခ်က္ေတြကလည္းေအာ္စကာတန္းဝင္ခဲ့ပါတယ္။

Jennifer Lawrence ႐ုပ္ရွင္ကားေတြထဲက အေကာင္းဆုံးတစ္ကားလို႔မွတ္ခ်က္ေပးခံခဲ့ရတဲ့ ႐ုပ္ရွင္ကားေကာင္းတစ္ပုဒ္ပါပဲ။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *