Wonder (2017)

0
Share
Copy the link

ကျွန်တော်တို့ငယ်စဉ်ကတည်းကလူ့အသိုင်းအဝိုင်းနဲ့စတင်ထိတွေ့ချိန်မှာ အခက်အခဲမျိုးစုံကြုံတွေ့ရလေ့ရှိပါတယ်။အခြေအနေအလိုက် ပိုမိုရုန်းကန်ရတဲ့သူတွေရှိသလို သက်တောင့်သက်သာရဲ့ဖြတ်သန်းသွားရသူတွေလည်းရှိပါတယ်။

ဒါပေမယ့် လူတိုင်းဟာကိုယ့်အပူနဲ့ကိုယ်၊ ကိုယ်ပိုင်ဖြေရှင်းစရာပြဿနာတစ်ခုခုကတော့ရှိနေတတ်တာပါပဲ။ဒါတွေကို သေချာမြင်အောင် ကြည့်နိုင်မယ်ဆိုရင်တော့ အားလုံးသာသူ့နည်းသူ့ဟန်နဲ့တိုင်ပတ်နေတာဖြစ်ပြီး ဘယ်သူရယ်မှ သူဟာပုံမှန်လူ သူဟာပုံမှန်မဟုတ်တဲ့လူရယ်လို့ ရှိတော့မှာမဟုတ်ပါဘူး။

ဒီဇာတ်ကားလေးဟာ လူတိုင်းကြည့်သင့်တဲ့ဇာတ်ကားလေးပါ။အဓိကဇာတ်ကောင်လေးဖြစ်တဲ့ အော်ဂီဟာမွေးရာပါချို့ယွင်းချက်တွေနဲ့ခွဲစိပ်မှုပေါင်းများစွာပြုလုပ်ခဲ့ရတဲ့ ကလေးတစ်ယောက်။ပုံမှန်လူတွေရယ်လို့သတ်မှတ်ထားတဲ့သူတွေရှိတဲ့ မျက်နှာအသွင်အပြင်မရှိရှာတဲ့သူတစ်ယောက်။

သူ့မိသားစုလေးမှာ တစ်မိသားစုလုံးကို ရယ်မောပျော်ရွှင်စေပြီး အမြဲတမ်းအားပေးတတ်တဲ့အဖေ၊ ကိုယ့်သားသမီးတွေကို အရာအားလုံးစွန့်လွှတ်ပြီး ဂရုစိုက်တတ်တဲ့အမေ၊ ကိုယ့်မိသားစုကိုပြန်ထောက်ကြည့်တတ်တဲ့ အစ်မဖြစ်သူအိုလစ်ဗီယာ ဆိုပြီးမိသားစုသုံးယောက်ရှိပါတယ်။

ဒီဇာတ်ကားမှာ မွေးဖွားလာစဉ်ကတည်းကချို့ယွင်းရှာတဲ့သားဖြစ်သူကို အားလုံးထက်ပိုဂရုစိုက်တတ်တဲ့မိခင်၊ ဘယ်တော့မှလက်မလျှော့ပဲ ကိုယ့်သားသမီးအပေါ်ယုံကြည်စိတ်မပျက်တတ်တဲ့ မိဘတွေရဲ့စိတ်၊ ကိုယ့်သားသမီးတွေတစ်ခုခုလိုအပ်နေပြီဆိုရင် အမြဲပြန်လည်ဖြည့်ဆည်းပေးဖို့ကြိုးစားတတ်တဲ့ မိဘတွေရဲ့မေတ္တာ၊

ကိုယ့်မောင်လေးအတွက် မိဘတွေရဲ့မေတ္တာကို ကြည်ကြည်ဖြူဖြူခွဲဝေပေးတဲ့ အစ်မတစ်ယောက်ရဲ့မေတ္တာ၊ သည်းခံစိတ်၊ စွန့်လွှတ်စိတ်၊ မိဘမောင်နှမတွေရဲ့ အားပေးမှု၊ ကူညီရိုင်းပင်းထောက်ပံ့မှုတွေနဲ့ အားတင်းအရှုံးမပေးတတ်တဲ့ အော်ဂီ၊

သူ့အတွက်ထိုးနှက်မှုများစွာနဲ့ ကြိုဆိုနေတဲ့ လောကကြီးထဲ ရဲရဲဝင့်ဝင့်မိသားစုရဲ့အင်အားနဲ့ ကြံကြံခိုင်ရပ်တည်နိုင်တဲ့ အော်ဂီ၊ စသည်ဖြင့် မိသားစုတစ်ခုမှာရှိရမယ့် မိသားစုစိတ်ဓာတ်ကိုအပြည့်အဝဖော်ညွှန်းပြထားပါတယ်။ဒါပေမယ့် လူဆိုတာမျိုးဟာ ပြောင်းလဲတတ်တဲ့အမျိုးမဟုတ်လားဗျာ။

ဘေးပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းရဲ့ ဘောင်ကန့်သတ်ချက်တွေ၊ ထိုးနှက်မှုတွေကြားမှာယိုင်နဲ့တတ်တဲ့သဘာဝလည်းရှိတတ်တာပါပဲ။ဒီလိုနဲ့ လမ်းမှားကိုတဒင်္ဂရောက်သွားရတဲ့သူတွေရှိသလို၊ မရုန်းထွက်နိုင်တော့တဲအထိနွံ့နစ်သွားရတဲ့သူတွေလည်းရှိပါတယ်။

ဒီလိုမဖြစ်ရအောင် အားလုံးသာ တစ်ဦးအပေါ်တစ်ဦး နားလည်မှုတွေ၊ အကြင်နာတရားတွေနဲ့ပွင့်လင်းတဲ့ဆက်ဆံရေး၊ ရိုင်းပင်းတတ်တဲ့စိတ်ဓာတ်၊ စတာတွေသာရှိရင် အားလုံးအတွက် အဆင်ပြေနိုင်မှာပါ။ဒီဇာတ်ကားလေးကချပြသွားပုံလေးကိုသဘောကျမိပါတယ်။

မိသားစုတစ်စုတည်းကို ဦးတည်မသွားဘဲ သူ့ရဲ့ပတ်ဝန်းကျင်ကသူတွေနဲ့ပတ်သက်ပြီး ရိုက်ခတ်မှု၊ နောက်ကွယ်ကကိုယ်ပိုင်ပြဿနာတွေ၊ စတာတွေကိုပါ ချပြသွားပြီး အားလုံးဟာသူမသာကိုယ်အသုဘပါပဲဆိုတာကိုပြောပြနေသလိုပါပဲ။ဇာတ်ကားလေးကြည့်ရင်း ရင်ထဲခံစားရတာတွေ၊ ခေါင်းထဲတွေးမိတာတွေအများကြီးပေါ်လာရတဲ့အထိပါပဲ။

ရည်ရွယ်ချက်ကို သေချာမြင်အောင် ပြသနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဒီထက်ပိုပြီးရေးမပြတတ်တော့ပေမယ့် တကယ်ကို လူတိုင်းကြည့်သင့်တယ်ဆိုတာကိုတော့ အားလုံးကိုတိုက်တွန်းလိုက်ချင်ပါတယ်။

ကိုယ်တိုင်ကြည့်ရှုပြီး ကိုယ်ပိုင်အတွေးတွေနဲ့ ခံစားကြည့်ရှုစေချင်ပါတယ်။ရင်ထဲမှာရောခေါင်းထဲမှာပါ တစ်ခုမကကျန်ရစ်သွားစေမှာပါလို့ပဲညွှန်းဆိုရင်း…….

Zawgyi

ကြၽန္ေတာ္တို႔ငယ္စဥ္ကတည္းကလူ႔အသိုင္းအဝိုင္းနဲ႔စတင္ထိေတြ႕ခ်ိန္မွာ အခက္အခဲမ်ိဳးစုံႀကဳံေတြ႕ရေလ့ရွိပါတယ္။အေျခအေနအလိုက္ ပိုမို႐ုန္းကန္ရတဲ့သူေတြရွိသလို သက္ေတာင့္သက္သာရဲ႕ျဖတ္သန္းသြားရသူေတြလည္းရွိပါတယ္။

ဒါေပမယ့္ လူတိုင္းဟာကိုယ့္အပူနဲ႔ကိုယ္၊ ကိုယ္ပိုင္ေျဖရွင္းစရာျပႆနာတစ္ခုခုကေတာ့ရွိေနတတ္တာပါပဲ။ဒါေတြကို ေသခ်ာျမင္ေအာင္ ၾကည့္ႏိုင္မယ္ဆိုရင္ေတာ့ အားလုံးသာသူ႔နည္းသူ႔ဟန္နဲ႔တိုင္ပတ္ေနတာျဖစ္ၿပီး ဘယ္သူရယ္မွ သူဟာပုံမွန္လူ သူဟာပုံမွန္မဟုတ္တဲ့လူရယ္လို႔ ရွိေတာ့မွာမဟုတ္ပါဘူး။

ဒီဇာတ္ကားေလးဟာ လူတိုင္းၾကည့္သင့္တဲ့ဇာတ္ကားေလးပါ။အဓိကဇာတ္ေကာင္ေလးျဖစ္တဲ့ ေအာ္ဂီဟာေမြးရာပါခ်ိဳ႕ယြင္းခ်က္ေတြနဲ႔ခြဲစိပ္မႈေပါင္းမ်ားစြာျပဳလုပ္ခဲ့ရတဲ့ ကေလးတစ္ေယာက္။ပုံမွန္လူေတြရယ္လို႔သတ္မွတ္ထားတဲ့သူေတြရွိတဲ့ မ်က္ႏွာအသြင္အျပင္မရွိရွာတဲ့သူတစ္ေယာက္။

သူ႔မိသားစုေလးမွာ တစ္မိသားစုလုံးကို ရယ္ေမာေပ်ာ္႐ႊင္ေစၿပီး အၿမဲတမ္းအားေပးတတ္တဲ့အေဖ၊ ကိုယ့္သားသမီးေတြကို အရာအားလုံးစြန႔္လႊတ္ၿပီး ဂ႐ုစိုက္တတ္တဲ့အေမ၊ ကိုယ့္မိသားစုကိုျပန္ေထာက္ၾကည့္တတ္တဲ့ အစ္မျဖစ္သူအိုလစ္ဗီယာ ဆိုၿပီးမိသားစုသုံးေယာက္ရွိပါတယ္။

ဒီဇာတ္ကားမွာ ေမြးဖြားလာစဥ္ကတည္းကခ်ိဳ႕ယြင္းရွာတဲ့သားျဖစ္သူကို အားလုံးထက္ပိုဂ႐ုစိုက္တတ္တဲ့မိခင္၊ ဘယ္ေတာ့မွလက္မေလွ်ာ့ပဲ ကိုယ့္သားသမီးအေပၚယုံၾကည္စိတ္မပ်က္တတ္တဲ့ မိဘေတြရဲ႕စိတ္၊ ကိုယ့္သားသမီးေတြတစ္ခုခုလိုအပ္ေနၿပီဆိုရင္ အၿမဲျပန္လည္ျဖည့္ဆည္းေပးဖို႔ႀကိဳးစားတတ္တဲ့ မိဘေတြရဲ႕ေမတၱာ၊

ကိုယ့္ေမာင္ေလးအတြက္ မိဘေတြရဲ႕ေမတၱာကို ၾကည္ၾကည္ျဖဴျဖဴခြဲေဝေပးတဲ့ အစ္မတစ္ေယာက္ရဲ႕ေမတၱာ၊ သည္းခံစိတ္၊ စြန႔္လႊတ္စိတ္၊ မိဘေမာင္ႏွမေတြရဲ႕ အားေပးမႈ၊ ကူညီ႐ိုင္းပင္းေထာက္ပံ့မႈေတြနဲ႔ အားတင္းအရႈံးမေပးတတ္တဲ့ ေအာ္ဂီ၊

သူ႔အတြက္ထိုးႏွက္မႈမ်ားစြာနဲ႔ ႀကိဳဆိုေနတဲ့ ေလာကႀကီးထဲ ရဲရဲဝင့္ဝင့္မိသားစုရဲ႕အင္အားနဲ႔ ႀကံႀကံခိုင္ရပ္တည္ႏိုင္တဲ့ ေအာ္ဂီ၊ စသည္ျဖင့္ မိသားစုတစ္ခုမွာရွိရမယ့္ မိသားစုစိတ္ဓာတ္ကိုအျပည့္အဝေဖာ္ၫႊန္းျပထားပါတယ္။ဒါေပမယ့္ လူဆိုတာမ်ိဳးဟာ ေျပာင္းလဲတတ္တဲ့အမ်ိဳးမဟုတ္လားဗ်ာ။

ေဘးပတ္ဝန္းက်င္လူ႔အသိုင္းအဝိုင္းရဲ႕ ေဘာင္ကန႔္သတ္ခ်က္ေတြ၊ ထိုးႏွက္မႈေတြၾကားမွာယိုင္နဲ႔တတ္တဲ့သဘာဝလည္းရွိတတ္တာပါပဲ။ဒီလိုနဲ႔ လမ္းမွားကိုတဒဂၤေရာက္သြားရတဲ့သူေတြရွိသလို၊ မ႐ုန္းထြက္ႏိုင္ေတာ့တဲအထိႏြံ႕နစ္သြားရတဲ့သူေတြလည္းရွိပါတယ္။

ဒီလိုမျဖစ္ရေအာင္ အားလုံးသာ တစ္ဦးအေပၚတစ္ဦး နားလည္မႈေတြ၊ အၾကင္နာတရားေတြနဲ႔ပြင့္လင္းတဲ့ဆက္ဆံေရး၊ ႐ိုင္းပင္းတတ္တဲ့စိတ္ဓာတ္၊ စတာေတြသာရွိရင္ အားလုံးအတြက္ အဆင္ေျပႏိုင္မွာပါ။ဒီဇာတ္ကားေလးကခ်ျပသြားပုံေလးကိုသေဘာက်မိပါတယ္။

မိသားစုတစ္စုတည္းကို ဦးတည္မသြားဘဲ သူ႔ရဲ႕ပတ္ဝန္းက်င္ကသူေတြနဲ႔ပတ္သက္ၿပီး ႐ိုက္ခတ္မႈ၊ ေနာက္ကြယ္ကကိုယ္ပိုင္ျပႆနာေတြ၊ စတာေတြကိုပါ ခ်ျပသြားၿပီး အားလုံးဟာသူမသာကိုယ္အသုဘပါပဲဆိုတာကိုေျပာျပေနသလိုပါပဲ။ဇာတ္ကားေလးၾကည့္ရင္း ရင္ထဲခံစားရတာေတြ၊ ေခါင္းထဲေတြးမိတာေတြအမ်ားႀကီးေပၚလာရတဲ့အထိပါပဲ။

ရည္႐ြယ္ခ်က္ကို ေသခ်ာျမင္ေအာင္ ျပသႏိုင္တဲ့ ဇာတ္ကားေကာင္းေလးတစ္ကားပဲျဖစ္ပါတယ္။ဒီထက္ပိုၿပီးေရးမျပတတ္ေတာ့ေပမယ့္ တကယ္ကို လူတိုင္းၾကည့္သင့္တယ္ဆိုတာကိုေတာ့ အားလုံးကိုတိုက္တြန္းလိုက္ခ်င္ပါတယ္။

ကိုယ္တိုင္ၾကည့္ရႈၿပီး ကိုယ္ပိုင္အေတြးေတြနဲ႔ ခံစားၾကည့္ရႈေစခ်င္ပါတယ္။ရင္ထဲမွာေရာေခါင္းထဲမွာပါ တစ္ခုမကက်န္ရစ္သြားေစမွာပါလို႔ပဲၫႊန္းဆိုရင္း…….

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *