Words on Bathroom Walls (2020)

20314
Share
Copy the link

စိတ်ဆိုတာ သိပ်ထူးဆန်းတဲ့အရာပါ။ စိတ်ရောဂါတွေက ကုလို့ မပျောက်တဲ့ ရောဂါတွေပါပဲ။ဒါကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ စိတ်နဲ့ပဲ ကျော်ဖြတ်နိုင်မှ ရမှာပါ။

စိတ်ရောဂါကို ကျော်လွှားနိုင်ဖို့ ဆိုတာလူကြီးရင့်မာကြီးတွေတောင် ကျော်လွှားဖို့ ခက်ခဲတဲ့အချိန်မှာ ဆယ်ကျော်သက်တစ်ယောက်က ဘယ်လိုများရင်ဆိုင်ကျော်လွှားနိုင်မှာတဲ့လဲ?စိတ်ရောဂါတစ်ခုကို ထိန်းချုပ်နိုင်ဖို့ ဆိုတာ စိတ်ခွန်အား အရမ်းကောင်းတဲ့လူတွေမှ တတ်နိုင်တာမျိုးပါပဲ။

အချစ်ကြောင့် အရာရာ အကောင်းအတိုင်း ဖြစ်စေမယ် ဆိုတဲ့ စကားတော့ ရှိပါတယ်။ စိတ်ရောဂါကို အချစ်ကြောင့် မေတ္တာတရားကြောင့် အောင်နိုင်တယ် ဆိုတာမျိုးက ဖြစ်နိုင်ပါ့မလား? မေတ္တာတရား ဆိုတာ စိတ်ခံစားချက်တစ်မျိုးပဲ မဟုတ်လား? ဘာသာတရားနဲ့ရော စိတ်ကို ကုနိုင်ပါ့မလား? စိတ်ကို စိတ်နဲ့ပဲ ကုရင်တော့ ရကောင်းပါတယ်။

ဒီဇာတ်လမ်းထဲမှာတော့ ဆယ်ကျော်သက် စိတ်ရောဂါသည် အာဒမ် ပက်ထရာဇယ်လီ ရဲ့ စိတ်ရောဂါကို ရင်ဆိုင်ရပုံတွေကိုမြင်တွေ့ရမှာပါ။ တစ်ခုလပ် အမေနဲ့ နေရတဲ့ အာဒမ် ရဲ့ စိတ်ရောဂါဟာ ဓာတုဗေဒ ဓာတ်ခွဲခန်းထဲမှာ စပြီး ပေါ်ပေါက်လာပါတယ်။

သူ့နားမှာ အသံတွေ ကြားရပါတယ်။ အနားမှာ မရှိတဲ့ လူတွေကို သူ မြင်နေရပါတယ်။ သူ့ကိုယ်သူ စိတ်ကစဉ့်ကလျားရောဂါသည်မှန်း သိလာပေမယ့် ဒီလူတွေနဲ့ ဒီအသံတွေကို သူ မထိန်းချုပ်နိုင်ပါဘူး။ ဆေးသောက်ပြန်တော့လည်း ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့် စားဖိုမှူး ဖြစ်ချင်တဲ့ အာဒမ် အရသာ မခံနိုင်တော့ပါဘူး။

လက်ကလည်း တုန်လာပြန်ပါတယ်။ ဆေးဖြတ်လိုက်ပြန်တော့လည်း အသံတွေကြား မရှိတဲ့လူတွေကို မြင်နေရပြန်ပါတယ်။ အဓိကဇာတ်ဆောင်က သရုပ်ဆောင် ကောင်းလွန်းတော့ ကိုယ်ပါ မွန်းကြပ်လာတာမျိုးပါ။ စိတ်ရောဂါကို စိတ်ဝင်စားတယ်ဆိုရင် ကြည့်ကြည့်ပါ။

ဒါရိုက်တာရဲ့ တင်ပြချက်ကောင်းလွန်းတော့ အာဒမ်နေရာမှာ ကိုယ်ရောက်သွားပြီး ကိုယ်ပါ ရုန်းထွက်လို့ မရတော့တဲ့ အနေအထားမျိုးထိ ဖြစ်ပါတယ်။အာဒမ် တစ်ယောက် စိတ်ရောဂါကို ဘယ်လို ရင်ဆိုင်ကျော်လွှားမယ်ဆိုတာတော့ ဒီကားလေးမှာကြည့်မြင်နိုင်ပါတယ်။

Zawgyi

စိတ္ဆိုတာ သိပ္ထူးဆန္းတဲ့အရာပါ။ စိတ္ေရာဂါေတြက ကုလို႔ မေပ်ာက္တဲ့ ေရာဂါေတြပါပဲ။ဒါကို ရင္ဆိုင္ေက်ာ္လႊားႏိုင္ဖို႔ စိတ္နဲ႔ပဲ ေက်ာ္ျဖတ္ႏိုင္မွ ရမွာပါ။

စိတ္ေရာဂါကို ေက်ာ္လႊားႏိုင္ဖို႔ ဆိုတာလူႀကီးရင့္မာႀကီးေတြေတာင္ ေက်ာ္လႊားဖို႔ ခက္ခဲတဲ့အခ်ိန္မွာ ဆယ္ေက်ာ္သက္တစ္ေယာက္က ဘယ္လိုမ်ားရင္ဆိုင္ေက်ာ္လႊားႏိုင္မွာတဲ့လဲ?စိတ္ေရာဂါတစ္ခုကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ဆိုတာ စိတ္ခြန္အား အရမ္းေကာင္းတဲ့လူေတြမွ တတ္ႏိုင္တာမ်ိဳးပါပဲ။

အခ်စ္ေၾကာင့္ အရာရာ အေကာင္းအတိုင္း ျဖစ္ေစမယ္ ဆိုတဲ့ စကားေတာ့ ရွိပါတယ္။ စိတ္ေရာဂါကို အခ်စ္ေၾကာင့္ ေမတၱာတရားေၾကာင့္ ေအာင္ႏိုင္တယ္ ဆိုတာမ်ိဳးက ျဖစ္ႏိုင္ပါ့မလား? ေမတၱာတရား ဆိုတာ စိတ္ခံစားခ်က္တစ္မ်ိဳးပဲ မဟုတ္လား? ဘာသာတရားနဲ႔ေရာ စိတ္ကို ကုႏိုင္ပါ့မလား? စိတ္ကို စိတ္နဲ႔ပဲ ကုရင္ေတာ့ ရေကာင္းပါတယ္။

ဒီဇာတ္လမ္းထဲမွာေတာ့ ဆယ္ေက်ာ္သက္ စိတ္ေရာဂါသည္ အာဒမ္ ပက္ထရာဇယ္လီ ရဲ႕ စိတ္ေရာဂါကို ရင္ဆိုင္ရပုံေတြကိုျမင္ေတြ႕ရမွာပါ။ တစ္ခုလပ္ အေမနဲ႔ ေနရတဲ့ အာဒမ္ ရဲ႕ စိတ္ေရာဂါဟာ ဓာတုေဗဒ ဓာတ္ခြဲခန္းထဲမွာ စၿပီး ေပၚေပါက္လာပါတယ္။

သူ႔နားမွာ အသံေတြ ၾကားရပါတယ္။ အနားမွာ မရွိတဲ့ လူေတြကို သူ ျမင္ေနရပါတယ္။ သူ႔ကိုယ္သူ စိတ္ကစဥ့္ကလ်ားေရာဂါသည္မွန္း သိလာေပမယ့္ ဒီလူေတြနဲ႔ ဒီအသံေတြကို သူ မထိန္းခ်ဳပ္ႏိုင္ပါဘူး။ ေဆးေသာက္ျပန္ေတာ့လည္း ေဆးရဲ႕ေဘးထြက္ဆိုးက်ိဳးေၾကာင့္ စားဖိုမႉး ျဖစ္ခ်င္တဲ့ အာဒမ္ အရသာ မခံႏိုင္ေတာ့ပါဘူး။

လက္ကလည္း တုန္လာျပန္ပါတယ္။ ေဆးျဖတ္လိုက္ျပန္ေတာ့လည္း အသံေတြၾကား မရွိတဲ့လူေတြကို ျမင္ေနရျပန္ပါတယ္။ အဓိကဇာတ္ေဆာင္က သ႐ုပ္ေဆာင္ ေကာင္းလြန္းေတာ့ ကိုယ္ပါ မြန္းၾကပ္လာတာမ်ိဳးပါ။ စိတ္ေရာဂါကို စိတ္ဝင္စားတယ္ဆိုရင္ ၾကည့္ၾကည့္ပါ။

ဒါ႐ိုက္တာရဲ႕ တင္ျပခ်က္ေကာင္းလြန္းေတာ့ အာဒမ္ေနရာမွာ ကိုယ္ေရာက္သြားၿပီး ကိုယ္ပါ ႐ုန္းထြက္လို႔ မရေတာ့တဲ့ အေနအထားမ်ိဳးထိ ျဖစ္ပါတယ္။အာဒမ္ တစ္ေယာက္ စိတ္ေရာဂါကို ဘယ္လို ရင္ဆိုင္ေက်ာ္လႊားမယ္ဆိုတာေတာ့ ဒီကားေလးမွာၾကည့္ျမင္ႏိုင္ပါတယ္။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *