Wrong Turn (2021)
14318ဒီကားကတော့ အသစ်စက်စက် ထွက်ထားတဲ့ Wrong Turn ဇာတ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အရင်ဇာတ်လမ်းတွေနဲ့ ကျောရိုးတူပေမယ့်နောက်ပိုင်း တော်တော်လေးကွဲတယ်လို့ ပြောလို့ရပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အားလပ်ရက် တောင်တက်အပျော်ခရီးထွက်လာတဲ့လူငယ်တစ်စုကတောင်တက်ဖို့မြို့ငယ်တစ်မြို့ကိုရောက်လာခဲ့ပါတယ်။အဲ့ဒီမြို့မှာ တည်းခိုနေစဉ် ထူးဆန်းတာတွေလည်း ဖြစ်ပျက်ခဲ့ပြီးအဲ့ဒီကနာမည်ကြီး တောင်ကို တက်ခဲ့ပြီးချိန်မှာတော့ အပြန်လမ်းမရှိခဲ့ပါဘူး။
အဲ့ဒီတောင်တက်အဖွဲ့ထဲပါသွားတဲ့ ဂျန်နီဖာဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့အဖေဖြစ်သူကတော့သူ့သမီးဖြစ်သူပျောက်ဆုံးတာ ခြောက်ပတ်လောက် အကြာမှာသူ့သမီးပျောက်ဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုပြီး စုံစမ်းဖို့ရောက်လာခဲ့ပါတယ်။
ဒါပေမယ့်အဲ့ဒီ မြို့ကရဲကတော့ ဒီပျောက်ဆုံးမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်အိမ်ကနေထွက်သွားပြီး အပျော်ရှာနေတဲ့ လူငယ်တစ်စုလို့သာ မြင်ပြီးရေးကြီးခွင်ကျယ် ရှာဖွေမှုမပြုလုပ်ခဲ့ကြပါဘူး။အဲ့ဒီအတွက် ခံပြင်းနေတဲ့ ဂျန်နီဖာ အဖေဖြစ်သူ စကော့ကရဲတွေအစား သူကိုယ်တိုင်ရှာဖို့ဆုံးဖြတ်လိုက်ပြီးသူ့သမီးပျောက်ဆုံးသွားတဲ့ တောင်ပေါ်ကို ရှာဖွေဖို့လုပ်ပါတော့တယ်။
ဒီတောင်ကနဂိုတည်းက ပြန်လမ်းမရှိတဲ့တောင် ဆိုပြီး နာမည်ကြီးသလိုတောင်ပေါ်တက်သူတိုင်းကလည်း စည်းကမ်းတွေ လိုက်နာရပါတယ်။တောင်တက်ဖို့လမ်း အမှတ်အသားတွေကို တောင်ပေါ်မှာလုပ်ပေးထားပြီးအဲ့ဒီတောင်တက်အမှတ်အသားလုပ်ထားတဲ့ လမ်းကြောင်းကလွဲပြီး တစ်ခြားနေရာကိုသွားခွင့်မရှိပါဘူး။
ဒါကိုသွေဖယ်ပြီး သွားခဲ့ကြတဲ့ လူငယ်တစ်စုကတော့ဘယ်လို ကြောက်စရာ အဖြစ်အပျက်တွေနဲ့ကြုံခဲ့တယ်။အသက်ရော ရှင်နိုင်ခဲ့ရဲ့လား လွတ်မြောက်လာခဲ့တာလားဆိုတာကိုတော့ဒီကားကြည့်ရင်း တထိတ်ထိတ် တလန့်လန့်နဲ့အဖြေရှာနိုင်ပါတယ်။
Wrong Turn ကားတွေရဲ့ ထုံးစံအတိုင်းသတ်ပုံသတ်နည်းကလည်း ထူးဆန်းသလို သတ်တာတွေကလည်းရက်စက်ပါတယ်။Jump Scare တချို့လည်းပါသလို အရင်ကားတွေလိုပဲ ကြောက်စရာကောင်းပေမယ့်ဒီကားကတော့ အရမ်းရွံ့ဖို့ မကောင်းဘူးလို့ ပြောလို့ရပါတယ်။
ဇာတ်လမ်းနဲ့ဇာတ်ကောင်တွေလည်း တော်တော်တိုးတက်လာတာမို့ကြောက်ရတာ တန်မယ့် နာမည်ကြီးကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
Zawgyi
ဒီကားကေတာ့ အသစ္စက္စက္ ထြက္ထားတဲ့ Wrong Turn ဇာတ္ကားပဲ ျဖစ္ပါတယ္။ဇာတ္လမ္းကေတာ့ အရင္ဇာတ္လမ္းေတြနဲ႔ ေက်ာ႐ိုးတူေပမယ့္ေနာက္ပိုင္း ေတာ္ေတာ္ေလးကြဲတယ္လို႔ ေျပာလို႔ရပါတယ္။
ဇာတ္လမ္းအက်ဥ္းကေတာ့ အားလပ္ရက္ ေတာင္တက္အေပ်ာ္ခရီးထြက္လာတဲ့လူငယ္တစ္စုကေတာင္တက္ဖို႔ၿမိဳ႕ငယ္တစ္ၿမိဳ႕ကိုေရာက္လာခဲ့ပါတယ္။အဲ့ဒီၿမိဳ႕မွာ တည္းခိုေနစဥ္ ထူးဆန္းတာေတြလည္း ျဖစ္ပ်က္ခဲ့ၿပီးအဲ့ဒီကနာမည္ႀကီး ေတာင္ကို တက္ခဲ့ၿပီးခ်ိန္မွာေတာ့ အျပန္လမ္းမရွိခဲ့ပါဘူး။
အဲ့ဒီေတာင္တက္အဖြဲ႕ထဲပါသြားတဲ့ ဂ်န္နီဖာဆိုတဲ့ ေကာင္မေလး တစ္ေယာက္ရဲ႕အေဖျဖစ္သူကေတာ့သူ႔သမီးျဖစ္သူေပ်ာက္ဆုံးတာ ေျခာက္ပတ္ေလာက္ အၾကာမွာသူ႔သမီးေပ်ာက္ဆုံးတာ ေသြး႐ိုးသား႐ိုးမျဖစ္ႏိုင္ဘူးဆိုၿပီး စုံစမ္းဖို႔ေရာက္လာခဲ့ပါတယ္။
ဒါေပမယ့္အဲ့ဒီ ၿမိဳ႕ကရဲကေတာ့ ဒီေပ်ာက္ဆုံးမႈဟာ သာမန္ျဖစ္႐ိုးျဖစ္စဥ္အိမ္ကေနထြက္သြားၿပီး အေပ်ာ္ရွာေနတဲ့ လူငယ္တစ္စုလို႔သာ ျမင္ၿပီးေရးႀကီးခြင္က်ယ္ ရွာေဖြမႈမျပဳလုပ္ခဲ့ၾကပါဘူး။အဲ့ဒီအတြက္ ခံျပင္းေနတဲ့ ဂ်န္နီဖာ အေဖျဖစ္သူ စေကာ့ကရဲေတြအစား သူကိုယ္တိုင္ရွာဖို႔ဆုံးျဖတ္လိုက္ၿပီးသူ႔သမီးေပ်ာက္ဆုံးသြားတဲ့ ေတာင္ေပၚကို ရွာေဖြဖို႔လုပ္ပါေတာ့တယ္။
ဒီေတာင္ကနဂိုတည္းက ျပန္လမ္းမရွိတဲ့ေတာင္ ဆိုၿပီး နာမည္ႀကီးသလိုေတာင္ေပၚတက္သူတိုင္းကလည္း စည္းကမ္းေတြ လိုက္နာရပါတယ္။ေတာင္တက္ဖို႔လမ္း အမွတ္အသားေတြကို ေတာင္ေပၚမွာလုပ္ေပးထားၿပီးအဲ့ဒီေတာင္တက္အမွတ္အသားလုပ္ထားတဲ့ လမ္းေၾကာင္းကလြဲၿပီး တစ္ျခားေနရာကိုသြားခြင့္မရွိပါဘူး။
ဒါကိုေသြဖယ္ၿပီး သြားခဲ့ၾကတဲ့ လူငယ္တစ္စုကေတာ့ဘယ္လို ေၾကာက္စရာ အျဖစ္အပ်က္ေတြနဲ႔ႀကဳံခဲ့တယ္။အသက္ေရာ ရွင္ႏိုင္ခဲ့ရဲ႕လား လြတ္ေျမာက္လာခဲ့တာလားဆိုတာကိုေတာ့ဒီကားၾကည့္ရင္း တထိတ္ထိတ္ တလန႔္လန႔္နဲ႔အေျဖရွာႏိုင္ပါတယ္။
Wrong Turn ကားေတြရဲ႕ ထုံးစံအတိုင္းသတ္ပုံသတ္နည္းကလည္း ထူးဆန္းသလို သတ္တာေတြကလည္းရက္စက္ပါတယ္။Jump Scare တခ်ိဳ႕လည္းပါသလို အရင္ကားေတြလိုပဲ ေၾကာက္စရာေကာင္းေပမယ့္ဒီကားကေတာ့ အရမ္း႐ြံ႕ဖို႔ မေကာင္းဘူးလို႔ ေျပာလို႔ရပါတယ္။
ဇာတ္လမ္းနဲ႔ဇာတ္ေကာင္ေတြလည္း ေတာ္ေတာ္တိုးတက္လာတာမို႔ေၾကာက္ရတာ တန္မယ့္ နာမည္ႀကီးကားေကာင္းေလးတစ္ကားပဲျဖစ္ပါတယ္။


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download
(Yoteshin) Large Size ~ Download
(Yoteshin) Small Size ~ Download