You Only Live Twice (1967)

18112
Share
Copy the link

ယခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့…You Only Live Twice ပါ….ဇာတ်ကားနာမည်က နည်းနည်းများထူးဆန်းနေမလား…ဟုတ်ပါတယ် သေရာကနေပြီးတော့ပြန်ရှင်လာတဲ့ပုံစံကိုရိုက်ကူးထားတဲ့ မင်းသားကြီး 007 ကားပဲဖြစ်ပါတယ်…ဂျပန်နိုင်ငံမှာ ရိုက်ကူးထားတာဖြစ်ပြီးတော့…Imdb 6.9 အထိရရှိထားပြီး 1967 ခုနစ်ထွက်ရှိထားတဲ့ ဇာတ်ကားပါ…

ဇာတ်လမ်းကြောင်းသွားလိုက်ရအောင်…ဇာတ်လမ်းကတော့ 007 ကဟောင်ကောင်ကိုရောက်နေတဲ့အချိန်မှာ…U.s ကနေပြီးတော့ အာကာသယာဥ်တစ်စင်းကိုလွတ်တင်လိုက်ပါတယ်။ဒီမှာတင်ပဲ ကြားဖြတ်သူတစ်ချို့က ထင်ယောင်ထင်မှားဖြစ်အောင်….U.s က အာကာသယာဥ်ကို ဖျက်ဆီးလိုင်ပါတယ်…

ဒါတွေကို U.s က Russia ကလုပ်တယ်ထင်သွားပြီးစတင်စွပ်စွဲပါတော့တယ်….ဒါပေမယ့် ဒီအရာကို စစ်ဆင်ရေးစုံစမ်းဖို့အတွက်..အေးဂျင့်တစ်ယောက်မှာ တစ်ခြားကိုသွားပြီးဇာတ်မြုပ်နေဖို့လိုပါတယ်..ဒါကြောင့် 007 ကို သူတို့တွေသတ်လိုက်သလို ဇာတ်ခင်းလိုက်ပါတော့တယ်……ဒီလိုနဲ့ 007 ကသေဆုံးသွားခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်လိုက်ပါတယ်…

ဒါပေမယ့် သူကတစ်ကယ်မသေဆုံးခဲ့ပါဘူး..လျို့၀က်စစ်ဆင်းရေးအတွက် ဂျပန်ကို စေလွှတ်ခံရတာပါ..ဂျပန်ကိုစေလွှတ်ခံရတာက နောက်ဆုံး နောက်ယှက်တဲ့ အာကာသယာဥ်က ဂျပန်အနီးတစ်၀ိုက်ကနေပြီးတော့လွှတ်တင်ခဲ့တဲ့ဆိုတာ အခြေစိုက်စခန်းတစ်ခုကနေဖမ်းမိခဲ့လို့ပါ

ဒီလိုနဲ့သူ ဂျပန်ကိုရောက်သွားချိန်မှာ သူ့ရဲ့ ဗိုလ်ချုပ်ပြောလိုက်သလို ကောင်မလေးတစ်ယောက်ကို တွေ့ပြီးတော့…မစ္စတာ ဟန်ဒရာဆန်ကို တွေ့ဆုံခဲ့ပါတယ်ဒီလိုတွေ့ဆုံနေစဥ်အတွင်းမှာပဲ မစ္စတာဟန်ဒရာဆန်က အသတ်ခံလိုက်ရပြီး 007 က လူသတ်သမားနောက်ကို လိုက်ရာကနေ …ဂိုဏ်းတစ်ခုကို ခြေရာခံမိပါတော့တယ်…

U.s နဲ့ Russia ကလည်း တစ်ဥိးကိုတစ်ဦးစွပ်စွဲရင်း..အခြေအနေတင်းမာပြီး စစ်ပွဲစီကို ဦးတည်နေချိန်ဖြစ်နေပါပြီ။ဒီလိုနဲ့ 007 တစ်ယောက် ကြားက စစ်ပွဲဖြစ်အောင်လုပ်တဲ့သူက ဘယ်သူလည်းဆိုတာဖော်ထုတ်နိုင်မလား….U.s က နောက်တစ်ကြိမ်လွှတ်တင်တဲ့ အာကာသယာဥ်ကိုရော ကာကွယ်ပြီး စစ်ပွဲကိုရောရပ်နိုင်မလား…..

ဘယ်လိုစွန့်စားခန်းတွေကြုံရမလည်း…ဘယ်လိုတွေလုပ်ဆောင်သွားမလည်းဆို အံ့အားသင့်စရာကောင်းအောင်ရိုက်ပြထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Zawgyi








mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *