Youth (2015)

20871
Share
Copy the link

အီတလီရုပ်ရှင်ပါ။မင်းသားကြီး Michael Caine နဲ့ Harvey Keitel တို့အပြင် အခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ Comedy , Drama , Music အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။

၂၈ ကြိမ်မြောက် ဥရောပရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဒါရိုက်တာဆုနဲ့ Michael Caine က အကောင်းဆုံးသရုပ်ဆောင်ဆု စသဖြင့် ဆုတွေ အသီးသီး ရရှိခဲ့တဲ့ရုပ်ရှင်လည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ……..ဆွစ်တောင်တန်းတွေဆီ အားလပ်ရက် ခရီးထွက်ကြတုန်း အဘိုးကြီးနှစ်ယောက် သူတို့ဖြတ်သန်းခဲ့ကြတဲ့ဘဝတွေကို ပြန်ပြောင်းဆင်ခြင်မိကြတဲ့အကြောင်းတွေလည်း ဖြစ်တယ်။

အိုမင်းခြင်းနဲ့ နုပျိုခြင်း၊ အတိတ်နဲ့ အနာဂတ်၊ ရှင်သန်မှုနဲ့ သေဆုံးမှု စတဲ့အကြောင်းအရာတွေကြားထဲက ထာဝရ ရုန်းကန်နေရခြင်းအကြောင်းတွေပေါ့။Fred Ballinger ( Michael Caine ) က ဂန္ထဝင်ဂီတစာဆိုကြီးတစ်ယောက်။ Mick Boyle ( Harvey Keitel ) က ရုပ်ရှင်ရိုက်ကူးရေးသမား။

သူတို့နှစ်ယောက်က အခင်ဆုံးမိတ်ဆွေတွေလည်း ဖြစ်ကြတယ်။ဆွစ်တောင်တန်းတွေပေါ်က အပန်းဖြေဟိုတယ်ကြီးမှာ အပန်းဖြေနေတဲ့ Fred ဆီ အယ်လိဇဘက်ဘုရင်မကြီးရဲ့သံတမန်အဖွဲ့ ရောက်လာပြီး ဖိလစ်မင်းသားရဲ့မွေးနေ့ဖျော်ဖြေပွဲမှာ သူ့နာမည်ကြီးလက်ရာ ‘ Simple Songs ‘ ကို တင်ဆက်ပေးဖို့ ကမ်းလှမ်းလာတယ်။ Fred က ငြင်းဆန်လိုက်တယ်။

နောက်ထပ်တစ်ကြိမ် သံတမန်အဖွဲ့ ထပ်ရောက်လာပြန်တယ်။ Fred က ငြင်းပြန်တယ်။ သူ ငြင်းရတာ အကြောင်းရှိတယ်လေ။ အဲဒါကိုတော့ ရုပ်ရှင်ထဲမှာပဲ ကြည့်ကြည့်ပါ။Mick က သူ ရိုက်တော့မယ့်ရုပ်ရှင်တစ်ကားအတွက် စာရေးဆရာတစ်စုနဲ့အတူ အပန်းဖြေရင်း ဇာတ်ညွှန်းရိုက်ကွက်တွေကို ပုံဖော်တည်ဆောက်နေတာ။

Fred ရဲ့သမီးဖြစ်သူ Lena ကလည်း Fred နဲ့အတူ အပန်းဖြေဟိုတယ်ကြီးမှာ ရှိနေတယ်။ Lena က Mick ရဲ့သားနဲ့ လက်ထပ်ထားတာဖြစ်တယ်။ ခရီးတစ်ခုကို လင်မယားနှစ်ယောက် အတူထွက်ခါနီးမှ အဲဒီဟိုတယ်မှာပဲ သူ့ခင်ပွန်းက ကွာရှင်းခွင့်တောင်းတာကို Lena ကြုံတွေ့လိုက်ရတယ်။

မထင်မှတ်ဘဲ ကြုံလိုက်ရတာဆိုတော့ သေလုခမန်းပဲ။Fred နဲ့ Mick စားသောက်နေကြတုန်း Lena ယောကျ်ား( Mick ရဲ့သားဖြစ်သူ ) ရောက်လာတယ်။ ဘာကြောင့်ကွာရှင်းရတာလဲဆိုတော့ Lena က အိပ်ရာပေါ်မှာ မကောင်းလို့တဲ့။

သူ လက်ထပ်မယ့်အဆိုတော်အမျိုးသမီးက ရုပ်ထွက် သိပ်မကောင်းဘူး။ အိပ်ရာပေါ်မှာ သိပ်ကောင်းတာကြောင့် သူ လက်ထပ်မှာလို့ ပြောတယ်။ဟိုတယ်ကြီးမှာ တည်းခိုအပန်းဖြေနေတဲ့လူတွေထဲ တမူထူးတဲ့လူတွေ ပါတယ်။

အဝလွန်နေတဲ့ မာရာဒိုနာ၊ ငယ်ရွယ်နုနယ်တဲ့အနှိပ်သည်မလေး၊ မယ်စကြဝဋ္ဌာ၊ ရိုက်ရတော့မယ့်ရုပ်ရှင်တစ်ကားမှာ သရုပ်ဆောင်ရတော့မယ့် ဝါရင့်သရုပ်ဆောင် Jimmy Tree ( သူက အပန်းဖြေနေရင်း၊ ဇာတ်ကောင်စရိုက်ဝင်လာအောင် လေ့လာစူးစမ်းရင်း နေနေတာ။ )

ဘယ်တော့မှ စကားမပြောကြဘဲ စားသောက်နေရုံပဲစားသောက်ကြတဲ့ လင်မယားနှစ်ယောက်လည်း ရှိတယ်။ Fred နဲ့ Mick နဲ့က အဲဒီလင်မယားနှစ်ယောက် စကားတစ်ခွန်းပဲဖြစ်ဖြစ် ပြောမယ်၊ မပြောဘူး လောင်းကြတယ်။

Mick အမြဲ ရှုံးတယ်။Mick က သူ့ရိုက်ညွှန်းကို စိတ်ကျေနပ်စွာ အဆုံးသတ်ပြီးတဲ့အခါ သူ့ရုပ်ရှင်ရဲ့ အဓိကသရုပ်ဆောင်ဖြစ်တဲ့ Brenda Morel ( Jane Fonda ) က ဟိုတယ်ကြီးဆီ လာရောက်ပြီး သူ ပါဝင်သရုပ်ဆောင်မှုမပြုတော့ဘူးလို့ ငြင်းဆန်တယ်။Brenda က Mick ရိုက်ကူးတဲ့ရုပ်ရှင်နဲ့ မင်းသမီးတစ်ယောက် ဖြစ်လာတာပါ။

Mick ရဲ့ရုပ်ရှင်တွေထဲက ၁၁ ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုလာပြောတာက ရုပ်ရှင်ထက် တယ်လီဗစ်ရှင်းစီးရီးတစ်ခုကပေးတဲ့ငွေပမာဏက အဆမတန်များတာကြောင့် ငြင်းဆန်ရတာဖြစ်ကြောင်း၊

Mick အနေနဲ့လည်း ရုပ်ရှင်မရိုက်တော့သင့်ကြောင်း၊ အသက် ၈၁ နှစ်မှာ ရုပ်ရှင်လောကကနေထွက်ပြီး အနားယူသင့်နေပြီဖြစ်ကြောင်း၊ နောက်ပိုင်း Mick ရိုက်တဲ့ရုပ်ရှင်ကားတွေဟာ အလကားရုပ်ရှင်ကားတွေဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုပြီး ထထွက်သွားတယ်။

ရုပ်ရှင်ရိုက်ဖို့ အစီအစဉ်တွေပျက်ကုန်တော့ စာရေးဆရာအဖွဲ့ ပြန်သွားကြတယ်။ မပြန်ခင် Brenda ကို သူတို့က အပြစ်တင်တော့ Mick က အဲဒီလိုအပြစ်မတင်ဖို့ တားမြစ်တယ်။ ရုပ်ရှင်ရိုက်တာနဲ့ပတ်သက်ပြီး မျှော်လင့်ချက်ကလေးတွေကို Mick က Fred ကို ပြောပြတယ်။

ပြောနေရင်းပဲ မျှော်လင့်ချက်တွေ ကုန်ပြီး အိုမင်းနေပြီဖြစ်တဲ့ Mick ဟာ စိတ်ပျက်အားလျော့စွာနဲ့ Fred ရှေ့မှာပဲ ဟိုတယ်ပေါ်ကနေ ခုန်ချပြီး သတ်သေသွားတယ်။လေယာဉ်ပေါ် ရောက်နေပြီဖြစ်တဲ့ Brenda ဟာ သတင်းကြားကြားချင်းပဲ ပျံသန်းနေတဲ့လေယာဉ်ပေါ်ကနေ ဆင်းမယ်ဆိုပြီး သောင်းကျန်းတာကြောင့် လေယာဉ်မယ်လေးတွေ အလုပ်များကုန်ကြတယ်။

Fred က ဗင်းနစ်မြို့မှာရှိတဲ့ သူ့မိန်းမဆီ သွားရောက် စကားပြောဆိုတယ်။ ဆေးကုသခံနေရတဲ့သူ့မိန်းမကတော့ ပုံမှန်စိတ်လည်း မရှိ၊ စကားလည်း တစ်လုံးမှ မထွက်နိုင်၊ သူ့ဘက်လည်း လှည့်မကြည့်နိုင်တော့။ကြည့်ကြည့်လိုက်ပါ။

ငယ်ရွယ်နုပျိုမှုအကြောင်း ပိုသိလာစရာကောင်းပါရဲ့။ဟောလိဝုဒ်ရဲ့အရိပ်ငွေ့တွေဆီကနေ ရုန်းထွက်ခံစားရတာမျိုးလည်း ကြုံရတာပေါ့။

Zawgyi

အီတလီ႐ုပ္ရွင္ပါ။မင္းသားႀကီး Michael Caine နဲ႔ Harvey Keitel တို႔အျပင္ အျခားသ႐ုပ္ေဆာင္မ်ားစြာပါဝင္ထားတဲ့ Comedy , Drama , Music အမ်ိဳးအစား ႐ုပ္ရွင္ျဖစ္ပါတယ္။

၂၈ ႀကိမ္ေျမာက္ ဥေရာပ႐ုပ္ရွင္ဆုေပးပြဲမွာ အေကာင္းဆုံး႐ုပ္ရွင္ဆု၊ အေကာင္းဆုံးဒါ႐ိုက္တာဆုနဲ႔ Michael Caine က အေကာင္းဆုံးသ႐ုပ္ေဆာင္ဆု စသျဖင့္ ဆုေတြ အသီးသီး ရရွိခဲ့တဲ့႐ုပ္ရွင္လည္း ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ ……..ဆြစ္ေတာင္တန္းေတြဆီ အားလပ္ရက္ ခရီးထြက္ၾကတုန္း အဘိုးႀကီးႏွစ္ေယာက္ သူတို႔ျဖတ္သန္းခဲ့ၾကတဲ့ဘဝေတြကို ျပန္ေျပာင္းဆင္ျခင္မိၾကတဲ့အေၾကာင္းေတြလည္း ျဖစ္တယ္။

အိုမင္းျခင္းနဲ႔ ႏုပ်ိဳျခင္း၊ အတိတ္နဲ႔ အနာဂတ္၊ ရွင္သန္မႈနဲ႔ ေသဆုံးမႈ စတဲ့အေၾကာင္းအရာေတြၾကားထဲက ထာဝရ ႐ုန္းကန္ေနရျခင္းအေၾကာင္းေတြေပါ့။Fred Ballinger ( Michael Caine ) က ဂႏၴဝင္ဂီတစာဆိုႀကီးတစ္ေယာက္။ Mick Boyle ( Harvey Keitel ) က ႐ုပ္ရွင္႐ိုက္ကူးေရးသမား။

သူတို႔ႏွစ္ေယာက္က အခင္ဆုံးမိတ္ေဆြေတြလည္း ျဖစ္ၾကတယ္။ဆြစ္ေတာင္တန္းေတြေပၚက အပန္းေျဖဟိုတယ္ႀကီးမွာ အပန္းေျဖေနတဲ့ Fred ဆီ အယ္လိဇဘက္ဘုရင္မႀကီးရဲ႕သံတမန္အဖြဲ႕ ေရာက္လာၿပီး ဖိလစ္မင္းသားရဲ႕ေမြးေန႔ေဖ်ာ္ေျဖပြဲမွာ သူ႔နာမည္ႀကီးလက္ရာ ‘ Simple Songs ‘ ကို တင္ဆက္ေပးဖို႔ ကမ္းလွမ္းလာတယ္။ Fred က ျငင္းဆန္လိုက္တယ္။

ေနာက္ထပ္တစ္ႀကိမ္ သံတမန္အဖြဲ႕ ထပ္ေရာက္လာျပန္တယ္။ Fred က ျငင္းျပန္တယ္။ သူ ျငင္းရတာ အေၾကာင္းရွိတယ္ေလ။ အဲဒါကိုေတာ့ ႐ုပ္ရွင္ထဲမွာပဲ ၾကည့္ၾကည့္ပါ။Mick က သူ ႐ိုက္ေတာ့မယ့္႐ုပ္ရွင္တစ္ကားအတြက္ စာေရးဆရာတစ္စုနဲ႔အတူ အပန္းေျဖရင္း ဇာတ္ၫႊန္း႐ိုက္ကြက္ေတြကို ပုံေဖာ္တည္ေဆာက္ေနတာ။

Fred ရဲ႕သမီးျဖစ္သူ Lena ကလည္း Fred နဲ႔အတူ အပန္းေျဖဟိုတယ္ႀကီးမွာ ရွိေနတယ္။ Lena က Mick ရဲ႕သားနဲ႔ လက္ထပ္ထားတာျဖစ္တယ္။ ခရီးတစ္ခုကို လင္မယားႏွစ္ေယာက္ အတူထြက္ခါနီးမွ အဲဒီဟိုတယ္မွာပဲ သူ႔ခင္ပြန္းက ကြာရွင္းခြင့္ေတာင္းတာကို Lena ႀကဳံေတြ႕လိုက္ရတယ္။

မထင္မွတ္ဘဲ ႀကဳံလိုက္ရတာဆိုေတာ့ ေသလုခမန္းပဲ။Fred နဲ႔ Mick စားေသာက္ေနၾကတုန္း Lena ေယာက်္ား( Mick ရဲ႕သားျဖစ္သူ ) ေရာက္လာတယ္။ ဘာေၾကာင့္ကြာရွင္းရတာလဲဆိုေတာ့ Lena က အိပ္ရာေပၚမွာ မေကာင္းလို႔တဲ့။

သူ လက္ထပ္မယ့္အဆိုေတာ္အမ်ိဳးသမီးက ႐ုပ္ထြက္ သိပ္မေကာင္းဘူး။ အိပ္ရာေပၚမွာ သိပ္ေကာင္းတာေၾကာင့္ သူ လက္ထပ္မွာလို႔ ေျပာတယ္။ဟိုတယ္ႀကီးမွာ တည္းခိုအပန္းေျဖေနတဲ့လူေတြထဲ တမူထူးတဲ့လူေတြ ပါတယ္။

အဝလြန္ေနတဲ့ မာရာဒိုနာ၊ ငယ္႐ြယ္ႏုနယ္တဲ့အႏွိပ္သည္မေလး၊ မယ္စၾကဝ႒ာ၊ ႐ိုက္ရေတာ့မယ့္႐ုပ္ရွင္တစ္ကားမွာ သ႐ုပ္ေဆာင္ရေတာ့မယ့္ ဝါရင့္သ႐ုပ္ေဆာင္ Jimmy Tree ( သူက အပန္းေျဖေနရင္း၊ ဇာတ္ေကာင္စ႐ိုက္ဝင္လာေအာင္ ေလ့လာစူးစမ္းရင္း ေနေနတာ။ )

ဘယ္ေတာ့မွ စကားမေျပာၾကဘဲ စားေသာက္ေန႐ုံပဲစားေသာက္ၾကတဲ့ လင္မယားႏွစ္ေယာက္လည္း ရွိတယ္။ Fred နဲ႔ Mick နဲ႔က အဲဒီလင္မယားႏွစ္ေယာက္ စကားတစ္ခြန္းပဲျဖစ္ျဖစ္ ေျပာမယ္၊ မေျပာဘူး ေလာင္းၾကတယ္။

Mick အၿမဲ ရႈံးတယ္။Mick က သူ႔႐ိုက္ၫႊန္းကို စိတ္ေက်နပ္စြာ အဆုံးသတ္ၿပီးတဲ့အခါ သူ႔႐ုပ္ရွင္ရဲ႕ အဓိကသ႐ုပ္ေဆာင္ျဖစ္တဲ့ Brenda Morel ( Jane Fonda ) က ဟိုတယ္ႀကီးဆီ လာေရာက္ၿပီး သူ ပါဝင္သ႐ုပ္ေဆာင္မႈမျပဳေတာ့ဘူးလို႔ ျငင္းဆန္တယ္။Brenda က Mick ႐ိုက္ကူးတဲ့႐ုပ္ရွင္နဲ႔ မင္းသမီးတစ္ေယာက္ ျဖစ္လာတာပါ။

Mick ရဲ႕႐ုပ္ရွင္ေတြထဲက ၁၁ ကားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးတယ္။ ဒါေပမဲ့ အခုလာေျပာတာက ႐ုပ္ရွင္ထက္ တယ္လီဗစ္ရွင္းစီးရီးတစ္ခုကေပးတဲ့ေငြပမာဏက အဆမတန္မ်ားတာေၾကာင့္ ျငင္းဆန္ရတာျဖစ္ေၾကာင္း၊

Mick အေနနဲ႔လည္း ႐ုပ္ရွင္မ႐ိုက္ေတာ့သင့္ေၾကာင္း၊ အသက္ ၈၁ ႏွစ္မွာ ႐ုပ္ရွင္ေလာကကေနထြက္ၿပီး အနားယူသင့္ေနၿပီျဖစ္ေၾကာင္း၊ ေနာက္ပိုင္း Mick ႐ိုက္တဲ့႐ုပ္ရွင္ကားေတြဟာ အလကား႐ုပ္ရွင္ကားေတြျဖစ္ေၾကာင္း ျပင္းျပင္းထန္ထန္ ေဝဖန္ေျပာဆိုၿပီး ထထြက္သြားတယ္။

႐ုပ္ရွင္႐ိုက္ဖို႔ အစီအစဥ္ေတြပ်က္ကုန္ေတာ့ စာေရးဆရာအဖြဲ႕ ျပန္သြားၾကတယ္။ မျပန္ခင္ Brenda ကို သူတို႔က အျပစ္တင္ေတာ့ Mick က အဲဒီလိုအျပစ္မတင္ဖို႔ တားျမစ္တယ္။ ႐ုပ္ရွင္႐ိုက္တာနဲ႔ပတ္သက္ၿပီး ေမွ်ာ္လင့္ခ်က္ကေလးေတြကို Mick က Fred ကို ေျပာျပတယ္။

ေျပာေနရင္းပဲ ေမွ်ာ္လင့္ခ်က္ေတြ ကုန္ၿပီး အိုမင္းေနၿပီျဖစ္တဲ့ Mick ဟာ စိတ္ပ်က္အားေလ်ာ့စြာနဲ႔ Fred ေရွ႕မွာပဲ ဟိုတယ္ေပၚကေန ခုန္ခ်ၿပီး သတ္ေသသြားတယ္။ေလယာဥ္ေပၚ ေရာက္ေနၿပီျဖစ္တဲ့ Brenda ဟာ သတင္းၾကားၾကားခ်င္းပဲ ပ်ံသန္းေနတဲ့ေလယာဥ္ေပၚကေန ဆင္းမယ္ဆိုၿပီး ေသာင္းက်န္းတာေၾကာင့္ ေလယာဥ္မယ္ေလးေတြ အလုပ္မ်ားကုန္ၾကတယ္။

Fred က ဗင္းနစ္ၿမိဳ႕မွာရွိတဲ့ သူ႔မိန္းမဆီ သြားေရာက္ စကားေျပာဆိုတယ္။ ေဆးကုသခံေနရတဲ့သူ႔မိန္းမကေတာ့ ပုံမွန္စိတ္လည္း မရွိ၊ စကားလည္း တစ္လုံးမွ မထြက္ႏိုင္၊ သူ႔ဘက္လည္း လွည့္မၾကည့္ႏိုင္ေတာ့။ၾကည့္ၾကည့္လိုက္ပါ။

ငယ္႐ြယ္ႏုပ်ိဳမႈအေၾကာင္း ပိုသိလာစရာေကာင္းပါရဲ႕။ေဟာလိဝုဒ္ရဲ႕အရိပ္ေငြ႕ေတြဆီကေန ႐ုန္းထြက္ခံစားရတာမ်ိဳးလည္း ႀကဳံရတာေပါ့။

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Mega) Small Size ~ Coming Soon

(Megaup.net) Large Size ~ Download

(Megaup.net) Small Size ~ Coming Soon

Comments

Your email address will not be published. Required fields are marked *